ထားဝယ်မြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သား ၇ ဦးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၂
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ် မြောက်ရေးတပ်တော်ထံမှ သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ဇဟာရွာဘက်သို့ (VIGO) ကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီတပ် သား ၇ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ကားမှန်များကြေမွပြီး ရပ်တန့်မှုမရှိဘဲ ဆက် လက် မောင်းပြေးသွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကျန်သူ များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ ၊ က္လားသစ္ဆတ် (ကျားသစ်နက်) နှင့် Eastem Defense Force (EDF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်
တစ်နိုင်ငံလုံးအနှံ့ အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြုသွားလာနေထိုင်ပေးကြပါ ရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် – DNLA က တိုက်တွန်းထားသည်။
D Day News