Mandalay News

0 0
Read Time:3 Minute, 15 Second

မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတိုက်ပွဲအတွင်း စစ်ကူလေကြောင်းနှင့် စစ်သားအချင်းချင်းမှား ယွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၇၀ ဦး ထက်မနည်းသေဆုံး

 

D Day News

အောက်တိုဘာလ ၂

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်လေကြောင်းနှင့် စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၇၀ ခန့်ဦးထက်မနည်းသေဆုံး ခဲ့ကြောင်း Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် တော်လှန်ရေးအင်အားစုများ အထိုင်ချ ထားသော မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာသို့ မန္တလေးဘက်မှ အင်အား ၄၀၀ ခန့်ဖြင့် စစ် ကြောင်းထိုးဝင်ရောက်လာသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း အထိနာသော အကြမ်း ဖက်စစ်တပ်က နံနက် ၈ နာရီ ဝန်းကျင်မှစတင်၍ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ပတ်ပတ်လည် ကိုပစ်ခတ်တိုက်ခိုက်ပြီး လေကြောင်း ပစ်ကူတောင်းခံခဲ့ရာ နံနက် ၉ နာရီခန့်တွင် လေကြောင် ပစ်ကူရောက်ရှိလာပြီး ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တည်နေရာမှားယွင်းမှုကြောင့် မြေပြင်ရှိ အကြမ်းဖက်စစ်သားများကို ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် မြေပြင်စစ်သားများအချင်းချင်းလည်း မှားယွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခုခံစစ်ပွဲကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက် ကျား တပ်ဖွဲ့၊ BRA LDF ၊မန္တလေးခရိုင် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ၊ အောင်မြေသာစံမြို့နယ် ပ.က.ဖ (Thunderbird)၊ Taw Twin Toopi (LDF) တို့ ပူးပေါင်း ကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း မတ္တရာမြို့နယ်၊ ဆူးကား အလယ်ရွာတွင် ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီအုပ်စုကို အနီးကပ်သွားရောက်ပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက် ကျားတပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပ.က.ဖ နှင့် ချမ်းမြသာစည်မြို့နယ် ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *