KIA News

0 0
Read Time:2 Minute, 39 Second

ဆော့လော်မြို့ကို ထပ်မံသိမ်းပိုက်၊ ချီဖွေ၊ဆော့လော်တို့အပါအဝင် မြို့ ၁၂ မြို့နှင့် စစ်ကောင်စီ တပ်စခန်းပေါင်း ၂၀၀ ကျော်ကို KIA သိမ်းပိုက်ထား

 

D Day News

အောက်တိုဘာ ၂

 

ကချင်ပြည်နယ်၊ ချီဗွေခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဆော့လော်မြို့ကို KIA ဦးဆောင်သော တော်လှန် ရေး တပ် များက ယနေ့ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း ဒေသစစ်ရေးသတင်းရင်းများထံ က သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ချီဖွေခရိုင်၊ ဆော့လောမြို့နယ်ရှိ ဆော့လော်မြိုနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်း၊ ပြည်သူ့စစ် စခန်း အပါအဝင် စစ်ကောင်စီတပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိထားပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

“ဆော့လော်မြို့မှာတော့ စစ်ခွေး ကင်းစင်သွားပါပြီ။ တပ်စခန်းတွေအားလုံးကိုလည်း သိမ်းပိုက်ရရှိ ထားပါတယ်။ စခအသေအဆုံးစာရင်းနဲ့ လက်နက်ခဲယမ်းစာရင်းတော့ မသိရသေးပါဘူး” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်း နှင့် ဗျူဟာ တပ် စခန်းကုန်းတို့ကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချီဗွေမြို့ကိုပါ သိမ်း ပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစခဲ့သည့် ၀၃၀၇ စစ်ဆင်ရေးမှ၍ ယနေ့အထိ ချီဖွေမြို့နယ်၊ ဆော့ လော် မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ် ၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ မဘိမ်းမြို့ နယ် တို့အပါ အဝင် ဆင်ဘိုမြို့၊ မြိုလှမြို့ ၊ ဆဒုံးမြို့၊ ဆင်ဘိုမြို့ တို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင် စီ၏ တပ်စခန်းပေါင်း ၂၀၀ ကျော်ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

 

အလားတူ ဖားကန့်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအများအပြားကို သိမ်းပိုက် ထားနိုင်ခဲ့ပြီး ဖားကန့်ဗျူဟာစခန်းအပါအဝင် စခန်း ၆ ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း၊ ဝိုင်းမော်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *