Magway News

0 0
Read Time:1 Minute, 18 Second

မြိုင်မြို့မရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦးသည် ဇနီးဖြစ်သူနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်

 

D Day News

အောက်တိုဘာလ ၂

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ဇနီးဖြစ်သူ နှင့်အတူ လက်နက်ခဲယမ်းများယူ ဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ် ကြီး အောင်ကိုသည် ၎င်း၏ ဇနီးဖြစ်သူ ကိုခေါ်ဆောင်ကာ G3 သေနတ်အမျိုးအစား သေနတ် ၁ လက်၊ ၎င်းဘောက် ၂ ဘောက်၊ ၎င်းကျည် ၁၂၅ တောင့် တို့ကိုယူဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အလင်းဝင်ရောက်လာသူများအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်းမွန်စွာ ကျွေးမွေးထားရှိပြီး ထိုက်သင့်အားလျော်သော ချီးမြှင့်မှုများ လုပ်ဆောင်ကာ နေရပ်သို့ ပို့ဆောင်ပေး ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *