Sagaing News

0 0
Read Time:4 Minute, 41 Second

ဘုတလင်မြို့နယ်တွင် ချေမှုန်းခံလိုက်ရသော စစ်ကြောင်းသည် ပြည်သူ ၂ ဦးနှင့် ပကဖ အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ဖျက်ဆီးခဲ့

 

D Day News

အောက်တိုဘာလ ၂

 

ဘုတလင်မြို့နယ်တွင် ချေမှုန်းခံလိုက်ရသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ပြည်သူ ၂ ဦးနှင့် ပကဖ အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၀ ရက်နေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ အကြမ်းဖက် ဖက်ဆစ် စခန်းကုန်းအား Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)နှင့်အတူ မဟာမိတ်‌ တော်လှန်‌ရေး တပ်ပေါင်းစုများက နံနက် ၇ နာရီတွင် စခန်းသိမ်းတိုက်ပွဲစတင်ဖော် ဆောင်ခဲ့ရာ  မွန်းလွဲ ၂ နာရီအချိန်ထိ ၇ ခန့် နာရီခန့် ကြာမြင့်ခဲ့ပြီး စခန်းကို ထိုးဖောက် နိုင်ခဲ့ သော် လည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူ ၁၂ ကြိမ်တိတိ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)မှ အကြမ်းဖက်စစ်သား အင်အား ၈၀ ခန့်သည် ဘုတလင်မြို့မှ မှတဆင့် မြေပြင်စစ်ကူရောက်ရှိလာခဲ့သဖြင့် တော်လှန်ရေး တပ်ပေါင်းစုများက ဆုတ်ခွာ ပေးခဲ့ရကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြားထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးလည်း အသက်ပေးလှူခဲ့ရပြီး Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျား စစ်ကြောင်း)မှ ရဲဘော်တစ်ဦး ခြေတစ်ဖက် ပေးဆပ်လိုက်ရကြောင်း သိရသည်။

 

ထိုသို့ မုံရွာမြို့မှ စစ်ကူရောက်ရှိလာသော အကြမ်းဖက်စစ်သားများသည် ကူတော်ကျေးရွာနှင့်အနီး တဝိုက်ကျေးရွာများကို စစ်ကြောင်းထိုးကာ ကျွန်သေချောင်းကျေးရွာမှ ပြည်သူတစ်ဦး၊ ကတိုးကျေး ရွာမှ အသက် ၇၀ ကျော် အမျိုးသားတဦးနှင့် ပကဖ အဖွဲ့ဝင် နှစ်ဦး တို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကတိုးရွာမှ နေအိမ် ၂၀ ဝန်းကျင်ကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကူတော်စခန်းသို့ စစ်ကူရောက်ရှိနေသော နမခမှ စစ်ကူစစ်ကြောင်း သည် ဘုတလင်မြို့သို့ ပြန်လည် ဆုတ်ခွာလာခဲ့ရာ ဘုတလင်-ကူတော် လမ်းတဝက်တစ်နေရာ အ ရောက် နေ့လယ် ၁၂ နာရီ ၄၃မိနစ်မှ စတင်ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းဝန်းချေမှုန်း တိုက် ခိုက်ခဲ့ရာ ညနေ ၅နာရီ ၄၀ မိနစ်အချိန်ထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၉ ကြိမ် တိတိ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်  အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃၅ ဦးကျော် သေ ဆုံးပြီး  ၄၃ ဦး အရှင်ဖမ်းမိကာ ပစ္စတို (၁)၊ လက်နက်ငယ် (၅၄)လက်၊ ၆၀ မမ စိန်ပြောင်း(၂) လက်၊ ဒရုန်း (၃) စီး၊ ဂျန်မာစက် (၂) လုံးနှင့်အတူ ဆက်စပ် ခဲယမ်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ္စည်းအမြောက်အများ လက်ရ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျား စစ်ကြောင်း)နှင့် အတူ မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း၊ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊ FRF ၊မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊Depeyin Local Mobile Team(DLMT)၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့် တခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျား စစ်ကြောင်း)မှ ‌ရဲ‌ဘော်တစ်ဦး ဦးခေါင်းကျည်ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *