Poem

0 0
Read Time:1 Minute, 3 Second

ကဗျာ ကဏ္ဍ “ပွဲဖျက်တဲ့မိုး”

 

ပျိုးကြဲလက်

 

မုန်တိုင်းခေါ် လေပွေရိုင်းကို

မျှော်တိုင်းမော ဘဝတွေ ။

 

မိုးသားဆင် ပျော်ရွှင်လှ

မြန်မာ့ရွှေမြေ ။

 

ပူပြင်းတဲ့ အညာနွေ

မိုးသက်လေ ဆင်ပါမှ ။

 

အပြုံးတွေ ကိုယ်စီပိုက်တယ်

ပျော်လိုက်ပါစ ။

 

မိုးသားဆိုင် တိမ်စိုင်ခဲနှင့်

မဲနက်နက် ညို့မှိုင်းပြီ ။

 

တိမ်ငိုချိန် စိုစိုရွှဲတယ်

ပုလဲမျက်ရည် ။

 

မိုးစက်တို့ အလီလီ

တိမ်ပန်းချီ ညိုမဲ ။

 

မြစ်ချောင်းရေ ဆည်ကန်ကျိုးအောင်

တိုးလို့ရွာဆဲ ။

 

တို့မြေမှာ ဘယာပေါ်လို့

တော်ပါတော့ မိုးမင်းရယ် ။

 

အိုးအိမ်ရယ် ဘဝပျောက်မှာ

စိုးကြောက်လှတယ် ။

 

မြန်မာတို့ ဒေသမယ်

ကပ်ဆိုက်တယ် အဖြစ်ဆိုး ။

 

ရွှေမြေကို အခြေပျက်အောင်

ပွဲဖျက်တဲ့မိုး။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် ည ၈ နာရီ ၃၁ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *