Karenni News

0 0
Read Time:6 Minute, 46 Second

KNDF ဆေးသင်တန်းရဲဘော် ၁၈ ဦးသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းဆေးမှုပြီး ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီနှင့် KNDF ဗဟိုသို့ တင်ပြ၊ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာမိသားစုဝင်များနှင့်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများကို ထုတ်ပြန်အစီရင်ခံမည်

 

D Day News

အောက်တိုဘာလ ၁

 

KNDF ဆေးသင်တန်းရဲဘော် ၁၈ ဦးသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းဆေးမှုပြီး ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီနှင့် KNDF ဗဟိုသို့ တင်ပြ၊ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာမိသားစုဝင်များနှင့်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများကို ထုတ်ပြန်အစီရင်ခံမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကျောင်းအုပ်နှင့်သင်တန်းဆရာ (၃) ဦးတို့သည် ညဘက်လေ့ကျင့် ရေး ပြုလုပ်ရန် ၎င်းတို့အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ကျောင်းအုပ်နှင့် PT မှူးတစ်ဦးမှ သဘောတူခဲ့ပြီး သင်တန်းဆရာတစ်ဦးနှင့် သင်တန်းအကူတစ်ဦးမှ သဘောမတူခဲ့ကြကြောင်း၊ သို့ သော်လည်း သင်တန်းကျောင်းအုပ်၏ ဆုံးဖြတ်ချက်ကို အတည်ပြု၍ ကျန်သင်တန်းဆရာ (၃) ဦးမှ လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဤဆုံးဖြတ်ချက်ကို သင်ကြားရေးဘက်မှ ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသား အများစု နှင့် KNDFမှ တာဝန်ရှိသူမျာ မသိရှိခဲသလို သင်တန်းသား၊ သင်တန်းသူများမှလည်း စက်တင်ဘာ (၁၁) ရက်နေ့ ညဘက်လေ့ကျင့်ရေးတွင် ရေဖြတ်ကူးမည့် လှုပ်ရှားမှု ပါဝင်သည့်အကြောင်း သိရှိထား ခြင်း မရှိသည်ကို တွေ့ရကြောင်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ၌ ဖော်ပြထားသည်။

 

ရေဖြတ်ကူးလေ့ကျင့်ရသည့် Happy Mission သည် စစ်ဘက်ဆိုင်ရာအရလိုအပ်သည့် လေ့ကျင့်ရေး မစ်ရှင်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရေထဲသို့မဆင်းမီ သင်တန်းသား၊ သင်တန်းသူများသည် မြေကြီး (သို့မဟုတ်) ကျောက်ခဲများအား အမျိုးသားဖြစ်ပါက အလေးချိန် (၅) ပိဿာခန့်နှင့် အမျိုးသမီးဖြစ် ပါက (၃) ပိဿာခန့်အား ကျောပိုးအိတ် (သို့မဟုတ်) ဆာလာအိတ် များနှင့် ထည့်၍ သယ်ယူရန် လည်း ညွှန်ကြားခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ သယ်လာသော အိတ်များအတွင်းရှိ မြေကြီးနှင့်သဲများသည် ရေထဲဖြတ်ကူးချိန်တွင် ရေစိုမှု ကြောင့် ၅ ပိဿာအိတ်များသည် (၁၁) ပိဿာခန့် ပြောင်းလဲသွားပြီး (၃) ပိဿာအိတ်များသည် (၆) ပိဿာ ခန့် အထိ အလေးချိန် ပြောင်းလဲသွားသည်ကို ကိုယ်တိုင်ချိန်တွယ် တွေ့ရှိခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားသည်။

 

Happy Mission မတိုင်မီ နံနက်ခင်း PT ချိန်များတွင် သင်တန်းသား၊ သင်တန်းသူများသည် အလေး ချိန် အားဖြင့် မြေကြီး ၅ ပိဿာ (ကျား)၊ မြေကြီး ၃ ပိဿာ (မ) ပါဝင်သည့် အိတ်များလွယ်၍ ပြင်း ထန် သည့် လေ့ကျင့်ခန်း (တောင်ပေါ်ပြေးတက်ခြင်း၊ ဘောလုံးကွင်းအား ၁၅ ပတ်၊ ပတ်ပြေးခြင်း) များအား ပြောင်းလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Happy Mission မပြုလုပ်မီ သင်တန်းသား၊ သင်တန်းသူများအား ဖုန်းမီး (သို့မဟုတ်) ဓာတ်မီးများ ယူဆောင်ခွင့်အား သင်တန်းကျောင်းအုပ်နှင့်ဆရာများက တားမြစ်ခဲ့ကြောင်း၊ ထိုသို့တားမြစ်မှုသည် စစ်သင်တန်းများ၏ လုပ်ထုံးလုပ်နည်းအတိုင်းဟု သိရှိရကြောင်း၊ အဆိုပါ နေ့ ည ၈ နာရီ မိနစ် ၃၀ အချိန်တွင် xxx ရွာ၊ လယ်စိုက်ခင်းအနီးရှိ ချောင်းကူးတံတားအနီးမှ စတင်၍ ကျောင်းသား စုစုပေါင်း (၉၈) ဦးထွက်ခွာခဲ့ကြောင်း သိရသည်။

 

သင်တန်း၌ ကျား ၂ ဦး၊ မ၂ ဦးသည် နေမကောင်းခွင့်နှင့် သင်တန်းနေရာတွင် ကျန်ရစ်ခဲ့ပြီး ကျန်သူ များမှာ အုပ်စုအားဖြင့် ၇ ဖွဲ့တိတိ၊ တဖွဲ့လျှင် သင်တန်းသား၊ သင်တန်းသူ ဦးရေ (၁၄-၁၅) ဦး ခန့် ဖြင့် ချောင်းကူးတံတားပေါ်၌ တဦး၏ ပုခုံးကို တဦးကိုင်၍ နှစ်ယောက်တစ်တွဲ အနေအထားဖြင့် အနောက် မှ အရှေ့သို့ ကျောပိုးအိတ်များကို ကိုင်ဆွဲလျက် ဆင်းခဲ့ကြောင်း သိရသည်။

 

ရေထဲရောက်အပြီးတွင် သင်တန်းသား၊ သင်တန်းသူ တချို့သာ တံတား၏ တဖက်ကမ်းသို့ ကူးနိုင်ခဲ့ ပြီး သင်တန်းသား၊ သင်တန်းသူ (၁၈) ဦးတိတိ ရေနစ်မြှုပ် မျောပါသေဆုံးခဲ့ရကြောင်း၊  ရေနစ်မြှုပ် နေသောသူများကို ဆင်းကယ်ရန်ကြိုးစားခဲ့သည့် သင်တန်းသား (၄) ဦးမှာ ပထမအကြိမ်တွင် ရေနစ် မြှုပ် နေသည့် သင်တန်းသား (၃) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊  ဒုတိယအကြိမ် ရေနစ်မြှုပ်သူများ အား ထပ်မံဆင်းကယ်ရာတွင်မူ ၄င်းတို့(၄) ဦးအနက် (၃) ဦး ရေနစ်သေဆုံးခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနှင့် မှန်ကန်သော အ ချက် အလက်နှင့်ဖြစ်စဉ်ကို သက်ဆိုင်ရာ မိဘဆွေမျိုးများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အရေးကြီးဆုံးဖြစ် သည့် ပြည်သူလူထု အသီးသီးထံ တင်ပြနိုင်ရန် ရည်ရွယ်၍ KNDF မှ ဦးဆောင်ကာ သက်ဆိုင်ရာ တပ် ရင်း တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဖြစ်စဉ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများဆောင်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၆) ရက်တာ စုံစမ်းစစ်ဆေးမှုအပြီး စက်တင်ဘာလ (၃၀) ရက်နေ့၌ အစီရင်ခံစာ ကို ရေးသားပြုစုခဲ့ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုကော်မတီသို့ တင်ပြထားကြောင်း၊ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို KNDF မှ ဆက်လက်အကောင်အထည် ဖော်ပြီး သက်ဆိုင်ရာ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုများထံသို့ ထုတ်ပြန် အစီ ရင်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *