လားရှိုးမြို့နယ်၊ မန်နားရွာသစ်ကို မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးဒဏ်ရာရ
D Day News
အောက်တိုဘာလ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်နားကျေးရွာသစ်ကို မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် ည ၉ နာရီ ၅၈ မိနစ်မှ ၁၀ နာရီ ၇ မိနစ်အထိ လားရှိုးမြို့နယ်၊ အ မှတ် ၁၂ ရပ်ကွက်ရှိ မန်နာရွာသစ်ကို မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး သီး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ အပြင်းအ ထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ကို ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုပေးထားကြောင်း သိရ သည်။
မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်သည် အေးချမ်းတည်ငြိမ်နေသော လားရှိုးမြို့ကို ဖျက်ဆီး ပစ် ရန်၊ ပြည်သူလူထုအများ ဒုက္ခရောက်စေရန်နှင့် ကြောက်ရွှံထိတ်လန့်နေစေရန် ရည်ရွယ်၍ ပေါင်ချိန် များသော ဗုံးများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုများသည် လူ နေထူထပ်သော ရပ်ကွက်များကို အဓိက ပစ်မှတ်ထားတာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။
လားရှိုးမြို့အေးချမ်းတည်ငြိမ်သွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယခုကာလတွင် မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပိုများကြောင်း၊ မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်သည် လက်နက်မဲ့ ပြည်သူ များ၏ အသက်ကို ငဲ့ကွက်ခြင်းမရှိပဲ အညှာအတာမဲ့စွာ လုပ်ဆောင်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး ကာ ၄၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
D Day News