TNLA News

0 0
Read Time:3 Minute, 26 Second

သီပေါမြို့ကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံး၊ တအာင်းပြည်တွင် စက်တင်ဘာလအတွင်း စစ်တပ်ကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၂၆ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

စက်တင်ဘာလ ၂၈ ရက်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဇာတ်စုရပ် ကွက်နေပြည်သူ ၃ ဦး၊ ဇာတ်စုရပ် နယ်မြေ(၃)နေ ပြည်သူ ၁ ဦးနှင့် စျေးရပ်ကွက် ဘောလုံးကွင်းအနီးတွင်နေထိုင်သူ ၂ ဦး စုစုပေါင်း(၆)ဦး ထိခိုက်ဒဏ်ရာ​ပြင်းထန်ခဲ့ပြီး နေအိမ်နှင့် စျေးဆိုင်းခန်း ၁၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် စက်တင်ဘာလ ၂၉ ရက် ညနေ ၃ နာရီအချိန်တွင် သီပေါ်မြို့တွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် လိုက်လံဗုံးကြဲချခဲ့ရာ သီပေါဆေးရုံ၊ အကောင်းကြိုက် ထမင်းဆိုင်၊ ဂိုးလက်ဖက်ရည်ဆိုင်၊ ဦးကိုဦးအိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနှင့် မိုးလုံလေလုံအနီးတိုတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သီပေါမြို ဓမ္မာရုံရှိ အမျိုးသား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

 

ထို့အပြင်မြို့ဟောင်းသဲကွင်းအနီး အမျိုးသား ၁ ဦး၊ ပရဟိတအသင်းဝင် အမျိုးသား ၁ ဦး၊ ဆေးရုံအနီး ရှိ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မီးပွိင့်လမ်းဆုံ ကွမ်းယာဆိုင်အနီး အမျိုးသမီး ၁ ဦး စုစု ပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ သီပေါမြို့ ခါလိန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ် ဗုံး ကြဲချမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ ဦး မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် Y-12 လေယာဥ် အသုံးပြုပြီး သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသနေ ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်းရှိ အရပ်သားပြည်သူများရှိ ရာနေရာများကို ဦးတည်၍ အကြမ်းဖက်စစ်ရှုံးကောင်စီက လေကြောင်း၊ လက်နက်ကြီး များဖြင့် ဗုံး ကြဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့မှုမှုကြောင့် ပြည်သူ ၂၆ ဦးသေဆုံးခဲ့ပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *