Pauk News

0 0
Read Time:2 Minute, 16 Second

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော ရိက္ခာတင်ယာဉ် ၃ စီးကို ပေပါမိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၇

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် ရိက္ခာတင်ယာဉ် ၃ စီးကို ပေပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဧပြီလ ၆ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့က ပေါက်မြို့နယ် ရေပြာကျေးရွာရဲစခန်းမှ ကုက္ကိုစုပျူ ရွာ ဘက်သို့ ရှေ့ပြေးထွက်လသည့် ရိက္ခာတင်ယာဥ် ၂ စီး၊ Jammer ကား ၁ စီးနှင့် အင်အား ၅၀ ခန့် ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကုက္ကိုလ်စုပျူရွာ ဘုရားကုန်းတောင်ဘက် မီတာ ၃၀၀ ကျော် ခန့်အကွာ လက်ပံပင်အောက်အရောက် ကြိုတင်စီမံပြုလုပ်ထားရှိသော ပေပါအကြီး ၂ လုံးတွဲ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေပါအနီးသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူ ၅ ဦး နေရာ မှာပင် ခန္ဓာကိုယ်လက်အင်္ဂါများ စုတ်ပြတ်သွားကာ ပွဲချင်းပီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အပြင်းအထန်ဒဏ်ရာရရှိသူများကို ထမ်းစင်များဖြင့် သယ်ဆောင်သွားစဉ် မကျီးစင် လမ်း ဆုံအရောက် တိုက်မိုင်း စီစဥ်ထားသော ပေပါ၊ သံပုံး နှစ်ပုံးတို့အား အကြမ်းဖက်စစ်သား၊ ပျူများက ဝင်တိုက်မိခဲ့ရာ မိုင်းပေါက်ကွဲပြီး စစ်သား ၂ ဦးသေဆုံးကာ ပျူ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁၊ ပေါက်ပကဖ ၊ BLY ပြောက်ကျားတပ်ဖွဲ့ (ပေါက်)၊ FRF အထူးတပ်ဖွဲ့ – ၂ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၂ ၊NPRF – ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ် ဦး တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *