Sagaing News

0 0
Read Time:2 Minute, 20 Second

ကန့်ဘလူမြို့နယ်၊ ပင်းတဲကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့အား စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ် ၄ လုံးပျက်စီး

 

D Day News

အောက်တိုဘာလ ၁

 

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ပင်းတဲကျေးရွာနှင့် မကျီးကုန်း ကျေးရွာ တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ကျောင်း ဆောင်နှင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရ သည်။

 

စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲတွင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ ပင်းတဲ ရွာကို မိတ္ထီလာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ တက်လာသော  Jet Fighter ၁ စီး ဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၄ လုံးပျက်ဆီးဆုံးရှုံးခဲ့ပြီး ကျေးရွာနေ ပြည်သူများမှာလည်း ရွာအတွင်းမနေရဲတော့ဘဲ ဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ် မကျီးကုန်းရွာ ဘုန်းကြီးကျောင်းကို မိတ္ထီလာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ တက် လာသော Y12 ထောက်ပို့ယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင် ၁ ဆောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူ များ နေထိုင်ရာ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ ၊ ဆေးခန်း၊ စစ်ရှောင်စခန်းနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားပေါင်းစုံတို့၏ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦများကို အကြောင်းမဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *