Taung Tha News

0 0
Read Time:3 Minute, 53 Second

တောင်သာမြို့နယ်၊ တံတားကျေးရွာတွင် မတရားစစ်မှုထမ်းခိုင်းရန် ခြိမ်းခြောက်လူစုနေသူ ၃ ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တံတားကျေးရွာတွင် မတရားစစ်မှုထမ်းခိုင်းရန် ခြိမ်းခြောက်လူစု နေသူ ၃ ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးသေဆုံးသွားကြောင်း ညောင်ဦးမြို့နယ် အထူးချေ မှုန်းရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၆ ရက် ည ၁၀ နာရီခွဲခန့်က တောင်သာမြို့နယ်၊ တံတားကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ကျေးရွာနေလူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ခြိမ်းခြောက်စာ ရင်းကောက်ခြင်း၊ PDF သတင်းများကိုစုံစမ်းကာ အကြမ်းဖက်စစ်တပ်ထံပေးပို့ခြင်း၊ ကျေးရွာအတွင်း မီတာခများ အတင်းအဓမ္မခြိမ်းခြောက်ကောက်ခြင်းတို့လုပ်ဆောင်နေသူ အောင်ကို၊ ဖိုးဇော်နှင့် သိုက် ဦး တို့ကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ အောင်ကိုနှင့်ဖိုးဇော်မှာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး သိုက်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

“၂ ကောင်က ပွဲချင်းပြီးသေပါတယ်၊ သိုက်ဦးက လွတ်မြောက်သွားပါတယ်၊ မပစ်ခင် မပြေးနဲ့ ငြိမ်နေ ပြောတဲ့အချိန် ထွက်ပြေးတာ၊ အဲလိုထွက်ပြေးလို့ ပစ်တဲ့အချိန် သူ့မိန်းမက ဝင်ကာပေးလိုက်လို့ သေနတ် တစ်ချက်တော့ ထိသွားတယ်၊ အဲဒါနဲ့ ဆက်မပစ်ပဲ ရပ်လိုက်တာ၊ မဆိုင်တဲ့သူတွေ ထိခိုက် မှာစိုးရိမ်လို့၊ ဒဏ်ရာရတဲ့အမျိုးသမီးကိုတော့ တောင်သာဆေးရုံပို့ထားတယ်ကြားတယ်၊ သေဆုံးခြင်း ရှိ၊ မရှိတော့ မသိရသေးပါဘူး၊ စစ်ခွေးနဲ့ ပျူတွေ ရွာထဲဝင်လာပြီးတော့ သေနတ်တွေပစ်ဖောက်နေကြ ပါတယ်” ဟု ညောင်ဦးမြို့နယ် အထူးချေ မှုန်းရေး တာဝန်ခံ စစ်ပိုင်က ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို  ပုဂံစစ်သည် (ညောင်ဦးမြို့နယ် အထူး ချေမှုန်းရေး တပ်)၊ ပုဂံပြည် ဘီလူးတပ် (ညောင်ဦးမြို့နယ်ပကဖ)၊ ရန်ကြီးအောင် (ညောင်ဦးမြို့နယ် ပကဖ) ၊ ညောင်ဦး ခရိုင် တပ်ရင်း ၅ နှင့်  ရဲဘော်ညီနောင် (ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၂ တို့ ပူးပေါင်းကာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ အောင်ကိုသည် အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းစေရန် ကျေးရွာနေပြည်သူများကို အတင်းအဓမ္မခြိမ်းခြောက်ခြင်း၊ PDF များ ဖြတ်သန်းသွားလာမှု၊ တံတားကျေးရွာ ပတ်ဝန်းကျင်၌ ခိုအောင်းနေသော PDF တပ်ဖွဲ့နေရာများကို စုံစမ်း၍ အကြမ်းဖက်စစ်တပ်ထံ သတင်း ပေးပို့ခြင်း တို့လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူဖိုးဇော်သည် ကြံ့ဖွတ်ပါတီဝင်တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများနှင့် ပူးပေါင်းကာ ပိုက်ဆံရှာဖွေထောက်ပံ့ပေးနေသူဖြစ်ကြောင်း၊ ထို့အပြင် “PDF များကို စစ်ဖိနပ်နဲ့ နင်းပြမယ်” ဟု ခြိမ်းခြောက်ကြွေးကြော်နေသူဖြစ်ကြောင်း သိရသည်။

 

ထွက်ပြေးလွတ်မြောက်သွားသူ သိုက်ဦးသည် ကျေးရွာအတွင်း မီတာကြေးများ ကောက်ခံရာတွင် အကြမ်းဖက်စစ်သားများကို မကြာခဏခေါ်ယူပြီး အာဏာပြခြင်း၊ ကျေးရွာနေ လူငယ်များကို အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းစေရန် ခြိမ်းခြောက်လူစုနေသူဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *