Sagaing News

0 0
Read Time:1 Minute, 46 Second

မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်း တွင် ကင်းယူရန်ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် လမ်းပိုင်းလုံခြုံရေး ကင်းယူရန် ထွက်လာ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း BLDF တပ် ခွဲ အညာာမိုင်းတပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၇ ရက် နေ့က မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ၊ မုံရွာ-မန္တလေးလမ်းပိုင်း ရွှေကူကြီး ဘုရားအနီးတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးနေရာမှာ ပင်ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းမြို့နယ် ပြည်သူ့ကာကွရေးတပ် ဗမာလွတ်မြောက်ရေး ဒီမိုကရက် တစ်တပ်ဦး – BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့၊ ဇာမနီ ပျောက်ကျားတပ်ဖွဲ့နှင့် TGR တိုက်ဂါး တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *