International News

0 0
Read Time:4 Minute, 51 Second

မုန်တိုင်းယာဂိနှင့် အကြွင်းအကျန်မုတ်သုံမိုးကြောင့် မြန်မာနိုင်ငံတွင် မြို့နယ် ၇၀ ခန့်ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁ သန်းခန့် ရေဘေးသင့်ခဲ့ပြီး ၃၆၀ ဦးကျော်သေဆုံးကာ UN OCHA ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၉

 

မုန်တိုင်းယာဂိနှင့် အကြွင်းအကျန်မုတ်သုံမိုးကြောင့် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၇၀ ခန့် ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁ သန်းခန့် ရေဘေးသင့်ခဲ့ပြီး ၃၆၀ ဦးသေဆုံးကာ ၁၀၀ ဦးထက် မနည်း ပျောက်ဆုံးနေကြောင်း UN OCHA ထုတ်ပြန်က ထုတ်ပြန်သည်။

 

မုန်တိုင်း ယာဂိ အကြွင်းအကျန်များနှင့် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြန်မာနိုင်ငံရှိ မြို့ နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့ အထိ ရေဘေးသင့် လူဦးရေ ၁ သန်းခန့် ရှိကြောင်း၊ ဆိုးရွာစွာ ရေလွှမ်းမိုးခဲ့ခြင်းကြောင့် လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပြီး ကောက်ပဲသီးနှံ အများအပြား၊ လယ်မြေ များနှင့် မွေးမြူရေး တိရစ္ဆာန်များ ရေနစ်မြုပ်ကာ ရေဘေးသင့် ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများတွင် ကြီးမားသော ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၉ ရက်နေ့မှစတင်ခဲ့သည့်ရေဘေးသင့်အပြီး ၁၈ ရက်အကြာတွင် လူသားချင်းစာနာ မှုဆိုင်ရာ တုံ့ပြန်မှုကို အလျင်အမြန်ရှေ့တိုး‌လုပ်ဆောင်လျက်ရှိပြီး စားနပ်ရိက္ခာ၊ သောက်ရေ၊ အမိုး အကာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးများအပါအဝင် အရေးပေါ် အကူအညီများကို ရေဘေးသင့်သူ တချို့ထံ ပေးဝေထားပြီးဖြစ်သလို အကူအညီများဆက်လက် ရောက်ရှိစေရန်လည်း ကြိုးပမ်းလျက်ရှိ ကြောင်း UN OCHA က ပြောဆိုထားသည်။

လိုအပ်မှုနှင့် အကူအညီပေးနိုင်မှုအကြား ကွာဟချက်များ အများအပြား ကျန်ရှိနေသေးပြီး မြင့်တက် လာသော လိုအပ်ချက်များနှင့် လက်ရှိ ရှိနေသော အရင်းအမြစ်များမှာ မမျှတတော့ဘဲ ကနဦး ပြန် လည် ထူထောင်ရေး နှင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့များ အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အရေးကြီးလျက်ရှိသည်ဟုဆိုသည်။

 

အကူအညီပေးရေး အဖွဲ့အစည်းများသည် ထောက်ပံ့ရေးပစ္စည်းများ၊ ထပ်တိုးရန်ပုံငွေများနှင့် ပိုမို ကျယ် ပြန့်သော အတိုင်းအတာဖြင့် အကူအညီဖြန့်ဝေနိုင်ရန် ဝင်ရောက်သွားလာကူညီခွင့်များ ထပ်မံ လိုအပ်လျက် ရှိနေကြောင်း အသိပေးထားသည်။

 

မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ (MHF) အဖွဲ့သည် လတ်တလော ရေဘေးဒဏ် အခံ ရဆုံး ရပ်ရွာများတွင် အသက်ရှင်သန်ရေးအတွက် အရေးကြီးသည့် အကူအညီများပေးအပ်ရန် မိတ် ဖက် အဖွဲ့အစည်းများအား လျင်မြန်စွာ ပံ့ပိုးပေးနိုင်ရေးအတွက် အရေးပေါ် ရန်ပုံငွေများ စတင် ထုတ် ယူ သုံးစွဲခြင်း အပါအဝင် အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် နည်းလမ်း အများအပြား အသုံး ပြု၍ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြေင်း သိရသည်။

 

အလှူရှင်များသည် MHF သို့ ထပ်တိုး အလှူငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းကျော် ပေးအပ်ရန် ကတိပြုခဲ့ပြီး ဤ ထပ်တိုးရန်ပုံငွေသည် မကြာသေးမီက ကြေငြာခဲ့သည့် ဗဟို အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ခွဲဝေမှုပေးမှု အမေရိကန် ဒေါ်လာ ၄ သန်း ကို ဖြည့်စွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ရေဘေးသင့် ရပ်ရွာလူထုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူလူထု၏ လိုအပ်ချက်များကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် ထပ်တိုး ရန်ပုံငွေရရှိရေးနှင့် ဘေးဒဏ်သင့်ဒေသများသို့ အကန့် အသတ်မရှိ ဝင်ရောက် အကူအညီပေးနိုင်ရေး အရေးကြီးလျက်ရှိကြောင်း UN OCHA က ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *