လားရှိုးမြို့ရှိ ကားဝပ်ရှော့တစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ကျပ်သိန်း ၁ ထောင်နီးပါး ဆုံးရှုံးဟု MNDAA ထုတ်ပြန်
D Day News
စက်တင်ဘာလ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျပ်သိန်း ၁ ထောင်နီးပါး ဆုံးရှုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီ ၃၄ မိနစ်အချိန်က လားရှိုးမြို့၊ အမှတ် ၈ ရပ်ကွက်၊ မန်ဆူဟိုတယ်အနီးရှိ ကားဝပ်ရှော့တစ်ခုပေါ်သို့ မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ပေါင်ချိန်များသော ဗုံး ၁ လုံးကြဲချခဲ့ရာ ကားဝပ်ရှော့အဆောက်အအုံ တစ်လုံးနှင့် ပြု ပြင်ထားသော ကား ၁၂ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့သို့ ပျက်စီးဆုံးရှုံးမှုသည် ကျပ်သိန်းတစ်ထောင်နီးပါးရှိပြီး ၎င်းအနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံ များ၊ ဈေးဆိုင်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်နေသည့် နေရာအား MNDAA လားရှိုးဧရိယာ စစ်ရေး အုပ်ချုပ်မှုကော်မတီ ၊ ရဲစခန်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ ချက်ချင်းသွားရောက် ကယ်ဆယ်ခဲ့ရာ ကံ ကောင်း ထောက်မစွာဖြင့် ထိခိုက်သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။
D Day News