Sagaing News

0 0
Read Time:2 Minute, 59 Second

ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ၁၄ ကြိမ်ဗုံးကြဲတိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရ၊ နေအိမ် ၆ လုံးခန့်ပျက်စီး

 

D Day News

စက်တင်ဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရရှိ ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကောခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်မှ ၁ နာရီခွဲခန့်အထိ ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို ကန်ဘလူမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် ၆၀၀၆ တပ်ရင်းမှ တက်လာသော Mi 35 ဖြင့် ၆ ကြိမ်၊ Mi2 ဖြင့် ၈ ကြိမ် စုစု ပေါင်း ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ သက် ၉ နှစ်အရွယ် မခိုင်သဇဝင်းတွင် ခြေထောက် ကျည် ထိမှန်ပြီး ခြေထောက်ဖြတ်ရမည့် ဒဏ်ရာ အခြေအနေရရှိခဲ့ကြေင်း၊ ထို့အပြင်နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ပစ်တာက ရွာစာသင် ကျောင်းကို ပစ်မှတ်ထားပစ်ခတ်တာ။ ဘာသတင်းရလို့လည်းတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ ပစ်တာက Rocketနဲ့‌ရော စက်လက်နဲ့ပါပစ်တာ။ အဲလိုပစ်ခတ် လို့ ပြည်သူထဲက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယာက် ကျည်စထိမှန်ထားတာရှိတယ်။ လူကြီး က လက်ထိတယ်။ ကလေးက ခြေထောက်ထိတယ်။ နှစ်‌ယောက်စလုံးက‌တော့ အသက်အန္တရယ် တော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် တဂေါင်းအိုင် ကျေးရွာသည် တိုက်ပွဲလည်းမရှိသလို PDF တပ်ဖွဲ့ဝင်များလည်းနေထိုင်မှုမရှိပဲ ပြည်သူများသာ အေးအေးချမ်းချမ်းနေထိုင်သည့်ကျေးရွာတစ်ရွာဖြစ်ကြောင်း ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းက ပြောဆိုထားသည်။

 

အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ ဥက္ကံရွာနှင့် မူတိမ်ရွာ အနီးတို့ကိုလည်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကျေးရွာ နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *