Mandalay News

0 0
Read Time:5 Minute, 17 Second

မန္တလေးနန်းတွင်းရှိ စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂၀ ထိခိုက်ဒဏ်ရာရရှိ

 

D Day News

စက်တင်ဘာလ ၂၉

 

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းမြောက်ကို ထိုးစစ်ဆင်မည့် စစ်သားများ နေထိုင်ရာ ဘားတိုက်ကို တိုက်ရိုက်ထိမှန်မှုရှိခဲ့ပြီး စစ်သား ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၉ ရက် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်အချိန်တွင် မန္တလေးမြို့၊ နန်းတွင်း ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့မှ BWM ၏ Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်ရန် စုစည်းထားသည့် စစ်သားများ နေထိုင်ရာ ဘားတိုက်အပါအဝင် လပခ တိုင်းရုံးအတွင်း တိုက်ရိုက် ကျရောက်ထိမှန် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်သေဆုံးပျက်စီးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရ သည်။

“ရဲဘော်တွေက စခကင်းပုန်းတွေကြားကပဲ အတွင်းစည်းထဲအထိ အပျောက်ဝင်တယ်၊ ပစ်တယ်၊ ပြီး တော့ အပျောက်ပြန်ထွက်တယ်၊ ရုတ်တရက်ဘယ်နေရာက ပစ်မှန်းမသိတော့ စခတွေ ဘယ်လိုက်ရ မှန်း မသိဘူး၊ ပစ်ပြီး ၁၅ မိနစ်လောက်နေတော့ စခကား ၂ စီး မီးထိုးပြီး ပါတ်ရှာနေတာတွေ့တယ်။ ၆ လုံးပစ်တာမှာ ၄ လုံးအောင်ပြီး ရှော့ ဒုံး ၄ လုံး စလုံး လပခ ထဲ ဝင်ပါတယ်။ ၂ လုံး က မြောက်ပိုင်းထိုး စစ်ဆင်မယ့် အပတ်စဉ် ၃ စခတွေနေတဲ့ ဘားတိုက်အဆောက်အဦး ၂ လုံးကိုထိပြီး အယောက် ၂၀ ထိ ခိုက်တယ်လို့သိရပါတယ်။ သေဆုံး မှု ရှိမရှိစုံစမ်းဆဲဖြစ်ပါတယ်။ နောက် ၂ လုံးကတော့ ကွင်းထဲကျ တယ်လို့ သိရပါတယ်။ ဒါက လက်ရှိစုံစမ်းသိရှိရသလောက်ပါ။ နောက်ထပ်အထိအခိုက်အပျက်အစီး များ ဆက်လက် စုံစမ်းနေပါတယ်။ မစ်ရှင်လုပ်တဲ့ ရဲဘော်များအားလုံးဘေးကင်းလုံခြုံစွာနဲ့ သက်ဆိုင် ရာ ဌာနေစခန်းအသီးသီးကို ပြန်လည်ရောက်ရှိခဲ့ပါပြီ” ဟု BMW အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေး တပ် ဖွဲ့များက သိမ်းပိုက်ပြီး နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် စစ်ရှုံး ကောင်စီ ၏ အဓိကအားထားရသော စစ်တိုင်းဌာနချုပ် ဖြစ်လာခဲ့ကြောင်း၊ စစ်ရှုံးကောင်စီသည် ရှမ်းမြောက် စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့ရမှုများနှင့် သိက္ခာကျမှုများကို ပြန်လည် အဖတ် ဆယ်ရန် တရုတ်အစိုးရ ၏ အကူအညီဖြင့် မြောက်ပိုင်းအဖွဲ့များကို ထိုးစစ်ရပ်တံ့ရန်ဖိအားပေးရန်ကြိုးစားနေရင်း တပြိုင်နက် တည်းတွင် ရန်နိုင်မင်း စစ်ဆင်ရေးဟု ကြွေးကြော်ပြီး လပခ ၏အင်အားကိုလည်း အစွမ်းကုန် ဖြည့် တင်းထားကြောင်း သိရှိရသည်။

 

လပခ သည် စစ်ကောင်စီ၏ အရေးကြီးသည့် စစ်တိုင်းဌာနချုပ်ဖြစ်သည့် အတွက် BWM နှင့် မဟာ မိတ် အဖွဲ့ တို့က တော်လှန်ရေး အတွက် အရေးပါသည့် ပစ်မှတ်အဖြစ်ဦးတည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

BWM အဖွဲ့သည် စစ်ရှုံးကောင်စီ၏ လေတပ်များအပြင် တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမား သည့် အခြား စစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ တိုင်းစစ်ဌာန ချုပ်များသည် သက်ဆိုင်ရာဒေသ အလိုက်တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေး ဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Command ကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ် ၍ ယခုကဲ့သို့ တိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကိုတိုက်ခိုက်မှုမှာ ယခုအကြိမ် သည် တတိယမြောက် တိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၂၀၂၄ စက်တင်ဘာလ ၃ ရက်နေ့တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ တော်လှန်ရေးဟာ နိုင်ဖို့နီးလာနေပါပြီ၊ ပြည်သူအားလုံးအားတင်းထားကြပါ၊ ဆက်လက် ထောက်ခံအားပေးဝန်းရံပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု BMW အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က တိုက်တွန်းပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *