ဗန်းမော်မြို့သို့ စစ်ကူအင်အားဖြည့်ရန် တက်လာသည့် စစ်သင်္ဘော ၈ စီးကို တိုက်ခိုက်ဖျက်ဆီးမှု ABSDF ပါဝင် (ရုပ်သံ)
D Day News
စက်တင်ဘာလ ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူအင်အားဖြည့်ရန် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို တိုက်ခိုက်ဖျက်ဆီးရာ၌ ABSDF အမှတ် ၂ စစ်ကြောင်းမှ ပါဝင်တိုက်ခိုက်ခဲ့ ကြောင်း ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ် မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါ စစ်သင်္ဘော ၄ စီးကို KIA က သိမ်းပိုက်ရရှိခြင်းဖြစ် ကြောင်း၊ စစ်သင်္ဘော ၇ စီးအနက်မှ ၁ စီးသာလျှင် ဗန်းမော်သို့ ရောက်ရှိလာကြောင်း၊ ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သေင်္ဘာ ၂ စီးကိုလည်း ပစ်ခတ်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ABSDF တပ်ဖွဲ့ပါဝင်တိုက်ခိုက်မှုသင်္ဘောများနှင့်ပတ်သက်၍ မည်သည့်နေရာ၌ တိုက်ခိုက်ခဲ့သည်ကို မသိရှိရခြင်းမရှိသော်လည်း စစ်ကောင်စီ၏ စစ်သင်္ဘာများ လက်နက်ကြီး ထိမှန်ကာ မီးလောင်ကျွမ်း သွားသည်ကိုတော့ ရုပ်သံဖိုင်တွင်တွေ့ရှိရသည်။
သင်္ဘောများ တိုက်ခိုက်ခံရကာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ပြီး သင်္ဘောပေါ်မှ ခုန်ချ ထွက်ပြေးသူ၊ သင်္ဘောပေါ်၌ အသက် ရှင်ကျန်ရစ်သော စစ်သားအချို့ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် ဗန်း မော်မြို့နယ်၊ မြလယ် ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
D Day News