Sagaing News

0 0
Read Time:3 Minute, 9 Second

မုံရွာ-ချောင်းဦးလမ်းပေါ်တွင် စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၄ ဦး အပြင်းအထန်ဒဏ်ရာရ (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်း ဖက်စစ်သားများနှင့် ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်က ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်တပ် ဂိတ်မှ ရေပိုးစားဘက်သို့ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့် သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အဆင်သင့်ပြင်ဆင်ထားသော မိုင်းပွိုင့်အနီးသို့ ရောက်ရှိ လာသဖြင့် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲပြီး နာရီဝက်လောက်နေတော့ နတ်ရေကန်ဂိတ်ကနေ ကားနဲ့လာခါ်သွားတယ်၊ ဒဏ်ရာရသူ တွေရော ကျန်တဲ့သူတွေရော အကုန်ပြန်ခေါ်သွားတာ။ သေတာတော့ မကြားမိသေးဘူး လက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိပေ့မယ် ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ပြောကြားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ချောင်းဦးမြို့နှင့် ငါးယှဥ်ကျေးရွာကြား သံလွင် မြန် မာဆီဆိုင်ရှေ့တွင် လမ်းသွားလမ်းလာ​ပြည်သူများ၏ ကားများကို တားဆီး ကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံး လက်နက်ကြီးများဖြင့် ၂၄ လုံး ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 

“ရှော့တိုက်ဒုံး ၂၄ လုံးနဲ့ ပစ်ခဲ့တာ၊ သူတို့က ချောင်းဦးမြို့အထွက် နဲ့ စခဂိတ်ကြားထဲမှာ လုပ်တာဆို တော့ အနီးကပ်သွားကြည့်လို့မရခဲ့ဘူး။ အဲဒါဆိုတော့ ထိခိုက်မှုရှိ၊ မရှိနဲ့ ပစ်မှတ်နေရာ ထိရောက်မှုရှိ ၊ မရှိက မသိရဘူး။ သေချာတာကတော့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူး” ဟု People’s Defence Force – South Monywa တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *