Karenni Stae News

0 0
Read Time:3 Minute, 45 Second

တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လုံးဝလက်ခံ မည်မဟုတ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၈

 

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲ ရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းမှုဖြစ်ပြီး လုံးဝလက်ခံမည် မဟုတ် ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က ယနေ့စက်တင်ဘာလ ၂၈ နေ့တွင် ထုတ်ပြန်ပြောကြားသည်။

 

တရားမဝင်အာဏာသိမ်းစစ်တပ်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ လူထု ထံမှအာဏာသိမ်းယူကာ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ဘာသာရေး အဆောက်အဦးများနှင့် ပြည်သူလူထုအိုးအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေ ကြောင်းတို့ဖြင့် တိုက်ခိုက်၍ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို  မြန်မာနိုင်ငံ အနှံ့ကျူးလွန်ခဲ့မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ အမြောက် အမြား ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့ဖြစ်သည့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကိုလူထုပေါင်း စုံမှ တက်ညီလက်ညီ ဆန့်ကျင်ကြသဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှု မရှိတော့ သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သက်ရောက်မှုမရှိတော့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က ပြောဆိုသည်။

 

ထိုအခြေအနေတွင် တရားမဝင်အာဏာသိမ်းစစ်တပ် သည် ပြည်သူများအားအတင်းအဓမ္မစစ်မှုထမ်း စေခြင်း၊ သန်းခေါင်စာရင်းကောက်ယူရန် အားထုတ်လာ ခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေး ကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစု များအကြား သွေးခွဲရန်ရည်ရွယ်ချက် ဖြင့် အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းစသောအချက်များ ပါဝင်သည့် ထုတ်ပြန်ချက် တစ်ခု ကို ပြုလုပ်လာဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

 

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကိုပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်သည်ဟု ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ရှုမြင်သည်ဟု ဆိုသည်။

 

ထို့ကြောင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် တရားမဝင်အာဏာသိမ်း စစ် တပ်၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့၏မတရား လုပ်ဆောင်မှုများကို တားမြစ်သွား မည်ဖြစ်ကြောင်းနှင့် တခြားသောပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့်လည်း လူထုဆန္ဒ အတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *