Tanintharyi News

0 0
Read Time:3 Minute, 56 Second

တနင်္သာရီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ်ရှိ နှစ်ပေါင်း ၄၀ ကျော်ကြာတပ်စွဲထားသည့် ရှေ့တန်းစခန်း တစ်ခု စခန်းစွန်ခွာထွက်ပြေးသဖြင့် လိုက်လံ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေ

 

D Day News

စက်တင်ဘာလ ၂၈

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ နှစ်ပေါင်း ၄၀ ကျော်ကြာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် ရှေ့တန်းစခန်းမှ စစ်သားများ စခန်းထွက်ပြေးသွားသဖြင့် လိုက်လံရှင်း လင်းတိုက်ခိုက်နေကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်း စစ်ကြောင်း ၂ ထံမှ သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ခန့်ကစ၍ တနင်္သာရီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် သိန္ဓောရွာ အခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီ၏ သိန္ဓောစခန်းကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ တို့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်း တိုက်ခိုက်မှုအပါအဝင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိအခိုက်အကျအဆုံးများကာ စခန်းလက် လွှတ်ရခါနီးအချိန်၌ မြေပြင်စစ်ကူအင်အားအများအပြား ထပ်မံရောက်ရှိလာခဲ့သဖြင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ထိုးစစ်ဆင်မှုကို ယာယီရပ်နားခဲ့ပြီး အဆိုပါစခန်းအား အဆက် မပြတ်ဝန်းရံပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အဆက်မပြတ်ဝိုင်းဝန်းပိတ်ဆို့ခံထားရသော အကြမ်းဖက်စစ် သားများသည် စက်တင်ဘာလ ၂၅ ရက်နေ့က စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ယင်းအကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းပြီး ထွက်ပြေးသွားသော အကြမ်းဖက်စစ်သာများကိုလည်း လိုက်လံပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

“အင်အား ၁၅၀ လောက်နဲ့ ဆုတ်သွားတာပါ။ လက်ရှိ ဘန်ကြုတ်ကျေးရွာအနီးမှာ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ စခန်းရှင်းလင်းတဲ့အချိန်မှာတော့ မြှုပ်ထားတဲ့ မိုင်းတွေပဲ တွေ့ပါ တယ်။ လက်ရှိသူတို့စစ်ကောင်စီတပ်တွေ ကျနော်တို့နယ်မြေထဲမှာပဲရှိသေးတယ်။ ကျနော်တို့ဘက် က လိုက်လံပိတ်ဆို့ တိုက်ခိုက်နေဆဲပါ” ဟု မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ သိန္ဓောစခန်းသည် ၁၉၈၀ ခုနှစ်ခန့်ကတည်းက တပ်စွဲထားသည့် စခန်း ဖြစ်ပြီး  ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊လေကေစခန်း နှင့် ပွိုင့် ၃၀၀၀ စခန်းတို့ကို အုပ်ချုပ် ထောက်ပံ့မှုပေးနေသော အဓိကကျသည့် ရှေ့တန်းစခန်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြိတ်ခရိုင်အတွင်း၌ ခရီးသွားလာကြမည့် မိဘ ပြည်သူများအနေဖြင့် တိုင်းစစ်ဌာန(တနင်္သာရီ)မှ ထုတ်ပြန်ထားသည့် အသိပေးချက်များအတိုင်း အလေးထားပူးပေါင်းပေးကြပါရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *