ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ပျူအဖွဲ့ဝင် ရာအိမ်မှူး မင်းမင်းထွန်း ပစ်ခတ်ခံ ရပြီးသေဆုံး
D Day News
စက်တင်ဘာလ ၂၇
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ဈေးအပိုင်၊ ရာအိမ်မှူး ပျူအဖွဲ့ဝင် မင်းမင်းထွန်း ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ရန်ကုန်တိုင်း – မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ည ၇ နာရီခန့်က အောင်ဆန်းဈေးအနီးတွင် အကြမ်းဖက် စစ်ကောင်စီထံမှ ပျူသင်တန်းဆင်းပြီး အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ဈေးအပိုင် ရာအိမ်မှူး အဖြစ်လုပ်ကိုင်နေသော မင်းမင်းထွန်းကို ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရရှိပြီး အင်းစိန်ဆေး ရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားကြောင်း၊ သေဆုံးပြီး ကုတင် ၁၀၀၀ ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။
သေဆုံးသူ ပျူမင်းမင်းထွန်းသည် အင်းစိန်မြို့နယ်နေပြည်သူ လူထုအပေါ် စစ်ကောင်စီအလိုကျ အနိုင်ကျင့် စော်ကားခြင်း၊ အကြမ်းဖက်စစ်ကောင်စီက လုပ်ဆောင်မည့် သန်းခေါင်စာရင်း ကောက် ယူနိုင်ရန် ရပ်ကွက်အတွင်းလှည့်လည်ကာ စာရွက်စာတမ်းများ ဝေငှခြင်း၊ အတင်း အဓမ္မစစ်ထမ်း ခိုင်းရန် လူငယ်များကို ဖမ်းဆီးရာ၌ ပါဝင်လုပ်ဆောင်ပေးနေသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ် ရှင်းလင်းမှုကို မြောက်ပိုင်းခရိုင် တိုက်ခိုက်ရေးအဖွဲ့ ပကဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် ပြည်သူကို အနိုင်ကျင့်နေသော အခြားစစ်ကောင်စီ လက်ပါးစေများကိုလည်း ပြည်သူ့ကိုယ်စား ထပ်မံအရေးယူ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
D Day News