Yangon News

0 0
Read Time:2 Minute, 21 Second

အကြမ်းဖက်စစ်ကောင်စီက ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ပါဝင်ကူညီခြင်းမပြုကြရန် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၇

 

အကြမ်းဖက်စစ်ကောင်စီက ကောက်ယူမည့် သန်းခေါင်စာရင်းတွင် ပါဝင်ကူညီခြင်းမပြုကြရန်နှင့် မလွဲမရှောင်သာဖြေဆိုရမည်ဆိုပါက အချက်အလက်အမှားများသာ ပေးကြရန် မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ပါဝင် မှုမပြုကျပါရန်နှင့် မဖြစ်မနေပေးရမည်ဆိုပါက အချက်အလက်များလွဲမှားစွာဖြေဆိုခြင်း ၊ အချက်အလက်အမှားများသာပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

ထို့အပြင် အတင်း အကျပ်လုပ်ဆောင်ခိုင်းသော အုပ်ချူပ်ရေးမှူး၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ ၏နာမည်နှင့်လိပ်စာ ရပ်ကွက်တို့ကို ပေးပို့ကြပါရန်နှင့် ထိုသို့ ပေးပို့ရာတွင် အတင်းအကြပ် စေခိုင်းသူ များ၏ ဓာတ်ပုံပါ ရရှိပါက ပိုမိုကောင်းမွန်ပြီး တယ်လီဂရမ်မှ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

သန်းခေါင်စာရင်းအတွက်ပါဝင်ကျမည့်ငှာနဆိုင်ရာ(လဝက)ဝန်ထမ်းများအနေဖြင့် သန်းခေါင်စာရင်း လုပ် ငန်းနှောင့်နှေးစေရန် ၊ အချက်အလက်များမှားယွင်းစေရန်၊ နည်းမျိူးစုံပြုလုပ်၍ ပြည်သူဘက်က ပါဝင်ပေးကျပါရန် ဆက်လက်မေတ္တာရပ်ခံထားသည်။

 

အကြမ်းဖက်စစ်တပ်၏သန်းခေါင်စာ ရင်းကောက်ယူမှုတွင် ပြည်သူအားနည်းမျိူးစုံခြိမ်း ခြောက် အကြမ်းဖက်သူ မည်သူမဆို ယခုတော်လှန်ရေး ကာလအတွင်းနှင့် တော်လှန်ရေးအလွန် ကာလ များတွင် ယခုအပြစ်အတွက်ပေးဆပ်ရမည်ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့က ထုပ်ပြန်ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *