Bago News

0 0
Read Time:1 Minute, 51 Second

ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူး တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ လေသေနတ် တစ်လက် သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၂၅

 

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်း အုပ်စု ရာအိမ်မှူး သိန်းဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး လေသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် ညနေ ၄ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စု စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး ၎င်းကိုင်ဆောင်သော လေသေနတ်တစ်လက်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းလုပ်ဆောင်မှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ Dragon Brothers နှစ်ဖွဲ့ပေါင်းကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရာအိမ်မှူးသိန်းဦး သည် ရပ်ရွာအတွင်း စစ်ကောင်စီ သက်ဆိုးရှည်စေရန်အတွက် တပ်သားသစ်စု ဆောင်းပေးခြင်း ၊ မိဘပြည်သူလူထုအပေါ် အဓမ္မ ငွေကြေးကောက်ခံခြင်းများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်ရဲဘော်များ၏ သတင်းများကို စစ်ကောင်စီထံ ပေးပို့ခြင်းတို့ လုပ်ဆောင်နေသဖြင့် ရှင်း လင်းခဲ့ရခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *