International News

0 0
Read Time:4 Minute, 57 Second

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အပါအဝင် ဩစတေးလျ၊ အန္ဒိယ၊ ဂျပန်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပြီး မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးဝါးလာသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများကို အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောဆို

 

D Day News

စက်တင်ဘာလ ၂၄

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အပါအဝင် ဩစတေးလျ၊ အန္ဒိယ၊ ဂျပန်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပြီး မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးဝါးလာသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများကို အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောဆိုလိုက်သည်။

 

လွန်ခဲ့သည့် သီတင်းပတ်အဆုံးတွင် ဒယ်လာဝဲပြည်နယ် ဝယ်လ်မင်တန်မြို့၌ သြစတေးလျ ဝန်ကြီး ချုပ် အန်တိုနီ အယ်လ်ဘားနီးစ်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီ​ယိုနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက် အာရ် ဘိုင်ဒင် ဂျူနီယာတို့သည် လေးပွင့်ဆိုင် တွေ့ဆုံကာ လွတ် လပ်၍ ပွင့်လင်းသည့် အင်ဒိုပစိဖိတ်ဒေသဖြစ်ရန် သံန္နိဋ္ဌာန်ချထားခဲ့ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်ဒေသတွင်းမှ လူပုဂ္ဂိုလ်များနှင့် လူ့အသိုက်အဝန်းများအတွက် လက်တွေ့ခံစားရနိုင် သည့် အကျိုးရလဒ်များကို မည်သို့ ဆက်လက် ပေးအပ်နိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ လေးပွင့်ဆိုင်ခေါင်းဆောင်များက ရခိုင်ပြည်နယ်အပါ အဝင် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးဝါးလာလျက်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်း စာနာမှု ဆိုင်ရာအခြေအနေများကြောင့် အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ အကြမ်းဖက်မှု များကို ချက်ချင်း ရပ်တန့်ရန်၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ လူသား ချင်းစာနာမှုအကူအညီများကို ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိပေးအပ်နိုင်ရန်၊ ပါဝင်ပတ် သက်သူများအားလုံးကြားတွင် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမှ တဆင့် အကြပ်အတည်းကို ဆုံးဖြတ်ဖြေရှင်းရန်နှင့် အများပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ ပြန်လည်ဦးတည်ရန် ထပ်မံ တောင်းဆိုလိုက်ကြောင်း သိရသည်။

 

ထို့အပြင် အာဆီယံဥက္ကဌနှင့် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့၏ဆောင် ရွက်မှုများအပါအဝင် အာဆီယံအဖွဲ့အစည်းက ဦးဆောင်ဦးရွက်ပြုသည့် ကြိုးပမ်းအားထုတ်မှုများကို အခိုင်အမာ ထောက်ခံပါကြောင်း နှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် တွင် ပါရှိသည့် ကတိက ဝတ်များအားလုံးကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရန် ၎င်းတို့က ဆက်လက် တောင်းဆို ပါကြောင်း ပြောကြားသည်။

 

ဆက်လက်ဖြစ်ပွားလက်ရှိသည့် ပဋိပက္ခနှင့် မတည်ငြိမ်မှုတို့က ဆိုက်ဘာမှုခင်းများ၊ တရားမဝင် မူး ယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူကုန်ကူးမှုများကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုးမြင့်လာခြင်းများ အပါအဝင် ပြင်းထန်သည့် ဂယက်ရိုက်မှုများကို ဒေသတွင်း၌ ဖြစ်ပွားစေခဲ့သည်ဟု ဆိုသည်။

 

နိုင်ငံများအားလုံး အနေဖြင့် ဂျက်လေယာဉ်ဆီအပါအဝင် လက်နက်နှင့် စစ်ဘက်အရပ်ဘက်သုံး ပစ္စည်းများ စီးဆင်းမှုကို ကာကွယ်တားဆီးကြပါရန် ထပ်မံ၍ မေတ္တာရပ်ခံထားသည်။ မြန်မာပြည်သူများအပေါ် ပြတ်ပြတ်သားသား ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ပြီး မြန်မာ ပြည်သူများကိုယ်တိုင်ဦးဆောင်သည့် ဖြစ်စဉ်အဖြစ် အကြပ်အတည်းအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကို ရှာဖွေရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ရာတွင် လက်တွေ့ကျပြီး အပြုသဘောဆောင်သည့်နည်းလမ်းများဖြင့် သက်ဆိုင်သူများအားလုံးနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သံန္နိဋ္ဌာန်ပြုပါကြောင်း အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန်လေးနိုင်ငံခေါင်းဆောင်များက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *