Shan State News

0 0
Read Time:2 Minute, 45 Second

လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ၆ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA တပ်ဖွဲ့ထိန်းချုပ်ထားသော လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင် စီတပ်က ၆ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းနေပြည်သူများထံက သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်စောပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်မှ ၂ နာရီ ၂၂ မိနစ်အတွင်း ၃ ကြိမ် လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ ၊ ရပ် ကွက် ၁၂ ရှိ နည်းပညာအထက်တန်းကျောင်း၊ အေတီတပ်ဦးကျောင်းဝင်းအတွင်းသို့ ဗုံးများ ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုတွင် နည်းပညာအထက်တန်းကျောင်း အ ဆောကအအုံတချို့ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“နေ့ရောညပါ အိပ်ကောင်းခြင်း မအိပ်ရဘူး။ Y12 ဆိုရင်တော့ လေယာဉ်သံက အဝေးကြီးကတည်းက ကြားရတယ်။ တိုက်လေယာဉ်ကတော့ အသံကြားပြီး မိနစ်ပိုင်းပဲ ခြားတယ် ပေါက်ကွဲသံကြားရတာ။ Y12 ဆိုရင်တော့ ရှောင်ချိန်ရပေမယ့် တိုက်လေယာဉ်ဆိုရင်တော့ အရမ်းမြန်လို့ ကိုယ့်အိမ်ပေါ်ကျရင် ရှောင်ချိန် နည်းတယ်။ ညဆိုရင်တော့ အိပ်မပျော်ကြဘူး။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အားလုံးလိုလိုပဲ” ဟု ရပ်ကွက် ၁၂ ၊ နယ်မြေ ၉ တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောကြားသည်။

 

ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် လားရှိုးမြို့ပေါ် ဗုံးကျဲချမှုသည် နည်း ပညာ အထက်တန်းကျောင်းပေါ်တွင် ဗုံး ၂ လုံး၊ အေတီတပ်ဦးကျောင်းဝင်းအတွင်းတွင် ဗုံး ၂ လုံး ကျရောက်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက် တင်ဘာလ ၁၀ ရက်နေ့ ၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ စက်တင်ဘာလ ၂၄ ရက်နေ့ နှင့် ယနေ့ စက် တင် ဘာလ ၂၅ ရက်နေ့ တို့တွင် လားရှိုးမြို့သို့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း အပြင်း အထန် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

 

ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကို အလဟသ ဖြစ်စေကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *