NUG News

0 0
Read Time:3 Minute, 41 Second

ယခုအချိန်တွင် တော်လှန်ရေးအင်အားစု တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပေါင်းစပ်မှုသည် အင်မတန် အရေးကြီး နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော

 

D Day News

စက်တင်ဘာလ ၂၅

 

ယခုအချိန်သည် တော်လှန်ရေး အင်အားစု တစ်ဖွဲ့နှင့်တစ်ဖွဲ့ပေါင်းစပ်မှုသည် အင်မတန် အရေးကြီး နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၆/၂၀၂၄) တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

“တော်လှန်ရေးအင်အားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်မှုတွေဟာလည်း ခုချိန်ခါမှာ အင်မတန်အရေး ကြီးနေပြီ ဖြစ်ပါတယ်။ အခုတော်လှန်ရေးအခြေအနေတွေအရ စုစည်းမှု၊ ပေါင်းစပ်ဆောင်ရွက်မှု၊ အချင်းချင်းကြား နားလည်မှုတွေ ပိုမိုအားကောင်းလေ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး ဖယ်ရှား နိုင်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာဖြစ်တဲ့အတွက် ဆောင်ရွက်သမျှ လုပ် ငန်း အားလုံးကို အချိတ်အဆက်မိမိနဲ့ တော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု အားကောင်းစေဖို့ အားစိုက်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယခုရက်သတ္တပတ်များအတွင်း မုန်တိုင်းရိုက်ခတ်မှု ၊ ရာသီဥတုဆိုးရွာမှုကြောင့် ပြည်သူများ အင် မတန်ဒုက္ခရောက်နေကြောင်း၊ ယခုကဲ့သို့ အချိန်မျိုးမှာပင် အကြမ်းဖက် စစ်ကောင်စီက ပြည်သူကို ကူညီဖို့မစဉ်းစားပဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် ယခင်ကထက်ပိုမိုလုပ်ဆောင်ရွက်လာ ကြောင်း သိရသည်။

 

“ပြည်သူတွေရဲ့ လက်ရှိအခြေအနေ တွေကို လုံးဝထည့်တွက်ခြင်း မရှိဘဲ ရန်သူဟာ ရန်သူပီသအောင် အမြဲတမ်း ဆောင်ရွက်နေတယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတဲ့ အဓ္ဓမ စစ်သားစုဆောင်းမှုပြုလုပ်တဲ့ ကိစ္စတွေက စလို့ တခုပြီးတခုဆိုသလို တော်လှန်ရေး အရှိန်အ ဟုန်ရလာချိန်တိုင်းမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားအောင်၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ယုံကြည်မှုတွေ၊ နားလည်မှုတွေ ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေ တာဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့အနေဖြင့်လည်း တော်လှန်ရေး လုပ်ငန်းများကို ဆွေးနွေးဆောင် ရွက်ကြရာတွင် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး နည်းလမ်းများကို ချင့်ချိန်ညှိနှိုင်း ဆောင်ရွက်ရန်၊ ဝန် ကြီးဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု၊ ပေါင်းစပ်မှု အားကောင်းစေရန်နှင့် အစိုးရအဖွဲ့ အနေဖြင့် ဖွဲ့ စည်းထားသော ကော်မတီများတွင်လည်း ကော်မတီလုပ်ငန်းစဉ်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိ နေရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေးပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *