Magway News

0 0
Read Time:2 Minute, 49 Second

အောင်လံမြို့ ရွာထောင်ရပ်ကွက်အတွင်းရှိ ပုံတူလောင်းကစားဝိုင်းတစ်ခုတွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးမြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

စက်တင်ဘာလ ၂၄

 

မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်အတွင်းရှိ ပုံတူလောင်းကစားဝိုင်းတစ်ခုတွင် စစ် ကောင်စီခန့် အုပ်ချုပ ရေးမှူးမြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်ခန့်က အောင်လံမြို့၊ ရွာထောင်ရပ်ကွက် အ တွင်းရှိ လောင်းကစားဝိုင်း၌ ပုံတူလောင်းကစားတစ်ခုကို ဝင်ရောက် လောင်းကစားနေသော အောင် လံမြို့နယ်၊ တလုပ်ပင်ကျေးရွာ ၊ အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမြင့်ဆွေနှင့် နောက် လိုက် ၁ ဦးကို ဆိုင်ကယ်စီးလာသူ ၂ ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြင့်ဆွေမှာ နေရာမှာ ပွဲချင်းပြီးသေဆုံးပြီး ၎င်း၏နောက်လိုက်မှာ ဆေးရုံရောက်ပြီး သေဆုံးသွားကြောင်း သိရသည်။

“ဒီမနက် ၁၀ နာရီလောက်က ရွာထောင်ရပ်ကွက်ထဲမှာ ပစ်ခတ်မှုဖြစ်တာ၊ တလုပ်ပင်အုပ်ကြီး မြင့် ဆွေနဲ့ အပေါင်းပါ နောက်လိုက် တစ်ယောက် သေတယ်၊ မြင့်ဆွေက တလုပ်ပင်ရွာမှာတုန်း ကလည်း ပစ်ခတ်ခံရဖူးတယ်။ မသေဘူး၊ အဲဒီမှာမနေရဲလို့ အောင်လံမြို့ကို ပြောင်းနေတာ၊ အခုတော့ သေပြီ။ ရွာထောင်ရပ်ကွက် စကစခန့်အုပ်ချုပ်ရေးအဖွဲ့နဲ့လည်း စကားအကြီးအကျယ်များထားတာရှိတယ်။ ပုံတူလောင်းကစားဝိုင်းမှာ ကစားနေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်ဝင်ပစ်သွားတာ။ ၇ ချက်၊ ၈ ချက်လောက်ကြားတယ်။ ထိတာက ၃ ဦး၊ မြင့်ဆွေက နေရာမှာတင်သေတယ်။ နှစ်ဦးဒဏ်ရာရတဲ့ အထဲက ပြင်းထန်ဒဏ်ရာရတဲ့သူတစ်ဦးသေတယ်၊ တစ်ဦးက လက်မောင်းထိမှန်ပြီး ရုံတင်ထားရ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ အုပ်ချုပ်ရေးမှူး မြင့်ဆွေသည် ဒုတိယအကြိမ်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးမှူး လုပ်ကိုင်ရာ တလုပ်ပင်ကျေးရွာတွင်လည်း ပထမအကြိမ် ပစ်ခတ်ခံရဖူးကြောင်း၊ ယင်းအချိန်က သေဆုံးခြင်းမရှိပဲ ကျေးရွာအတွင်း၌ မနေရဲတော့သဖြင့် အောင်လံမြို့ကို ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *