Mying News

0 0
Read Time:2 Minute, 6 Second

မြိုင်မြို့မှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၇

 

မကွေးတိုင်း၊ မြို့င်မြို့ပေါ်ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Ghost of Enemies -GOE တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၇ ရက် နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က အင်အား ၆၀ ခန့်ဖြင့် မြိုင်မြို့မှ စက်မှု ၂ ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို ဝါးရုံဆည်အနီးအရောက် အသင့်ထောင်ထားသော မိုင်း များ ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မြိုင်မြို့အတွင်းသို့ ပြန်သယ်သွားကြောင်း သိရသည်။

 

“မြိုင်မြို့ပေါ်ကနေ စက်မှု ၂ ဘက်ကို ဦးတည်လာတာ၊ ဝါးရုံဆည်မှာဗျ၊ ကျနော်တို့မိုင်းထောင်ထားတဲ့ နေရာကို ရောက်လာတာ၊ အဲနားမှာမိုင်းဆွဲလိုက်တာ ၊ ၄ ကောင်က အသေဗျ၊ ကျန်တဲ့ အများစုက ဒဏ်ရာရတယ်ဗျ၊ အခုလက်ရှိအထိ တစ်ချို့ခွေးတွေက အဲနားမှာအနီးတဝိုက်မှာပဲရှိသေးတယ်၊ တချို့ တချို့တဝက်တော့မြိုင်ထဲကို ပြန်ဝင်တယ်ဗျ၊ အသေတွေနဲ့ဒဏ်ရာရတဲ့သူတွေကို မြိုင်ထဲသယ်သွား တယ်” ဟု Ghost of Enemies -GOE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Ghost of Enemies -GOE တပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားရှိလမ်းဘေးတဲအိမ်များကို အကြမ်းဖက်စစ်သားက လှည့် ပတ်မီးရှို့နေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *