Magway News

0 0
Read Time:4 Minute, 14 Second

မြိုင်မြို့နေ လူငယ် ၂ ဦးက ရဲတပ်သား ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး လက်နက် ၃ လက် ယူဆောင် ကာ မြိုင်ပကဖထံခိုလှုံ

 

  • မြိုင်မြို့ပေါ်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်

 

D Day News

စက်တင်ဘာလ ၂၄

 

မကွေးတိုင်း၊ မြိုင်မြို့ပေါ်နေ လူငယ် ၂ ဦးက ရဲတပ်သား တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး လက်နက် ၃ လက်ယူဆောင်ကာ မြိုင်ပကဖထံ ခိုလှုံခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၂ ရက် နေ့က မြိုင်မြို့ပေါ်နေ အသက် ၁၉ နှစ်အရွယ် ညီညီထွန်းနှင့် အသက် ၁၆ နှစ်အရွယ် ဝေယံမင်းခန့်တို့ နှစ်ဦးသည် ရဲတပ်သား ယောကြီးဆိုသူကို ပစ်ခတ်သတ်ဖြတ်ပြီး G3 အ မျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် ၃၇ တောင့်၊ MA1 သေနတ် ၁ လက်၊ ၎င်းကျည် ၂၃​တောင့်တို့ အား ယူဆောင်၍ မြိုင်ပကဖထံ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ရဲတပ်များကိုင်ဆောင်အသုံးပြုသည့် ကာဘိုင်သေနတ်တစ်လက်ကိုလည်း အနီးအနား တစ် နေရာတွင် လွှင့်ပစ်ထားခဲ့ရာ မြိုင်ပကဖအဖွဲ့ဝင်များက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက် ရှာဖွေခဲ့ရာ ကာဘိုင်သေနတ် တစ်လက်နှင့် ၎င်းကျည် ၈ တောင့်ကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ ကြောင်း သိသည်။

မြိုင်မြို့အထွက်၊ မန္တလေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ဦး လက် နက်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

စက်တင်ဘာလ ၁၅ ရက်နေ့က မြိုင်မြို့အထွက် မန္တလေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အ ကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးသည် AK အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် (၄၅) တောင့် ယူဆောင်ကာ ပြည်သူ့ရင်ခွင်သို ဝင်ရောက်ခိုလှုံခဲ့ကြောင်း၊ ၎င်း၏ နာမည်မှာ ဦးလှဖြူဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိဖြစ်ကြောင်း သိရသည်။

 

အလားတူ မြိုင်မြို့၊ အထက ၂ ကျောင်း၌ တာဝန်ထမ်းဆောင်နေသူ ဒုတပ်ကြပ်တစ်ဦးသည် လက် နက်ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးလာပြီး မြိုင်ပကဖထံခိုလှုံခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၇ ရက်နေ့က မြိုင်မြို့ အထက ၂ ကျောင်း၌ တာဝန်ထမ်းကျနေသော အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ဇွဲလင်းပိုင်သည် HK သေနတ်အမျိုးအစား တစ်လက်၊ ၎င်းကျည် (၉၈) တောင့် ယူဆောင်၍ မြိုင်ပကဖထံသို အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးလာသူ ဒုတပ် ကြပ် ဇွဲလင်းပိုင်သည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူလူထု အပေါ်တွင် အပြုအမူလုပ်ရပ်များကို သည်းမခံနိုင်တော့သည့်အတွက် အလင်းဝင် ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြိုင်မြို့ပေါ်တွင် ရောက်ရှိနေသူ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ထပ်မံ အလင်းဝင် ရောက်လာရန်ရှိပြီး အလင်းဝင်ရောက်လာသူများအား ဂုဏ်ပြုဆုငွေများ ထိုက်သင့်အားလျော်စွာ ချီး မြှင့်ပေးအပ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပေးမည်ဖြစ်ကြောင်း မြိုင်ပကဖက အသိပေးထား သည်။

 

စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေသည့်အတွက် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့်  အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် တပ်သား များ၊ ပျူများအနေဖြင့်လည်း ပြည်သူကို နည်းမျိုးစုံနှင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေ သည့် အကြမ်းဖက်စစ်တပ်အား စွန့်ခွာပြီး ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများနှင့် အမြန်ပူးပေါင်းရန် မြိုင်ပကဖက တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *