MNDAA News

0 0
Read Time:2 Minute, 48 Second

လားရှိုးမြို့ကို စစ်ကောင်စီက ညဉ့်နက်သန်းခေါင်အချိန် လေကြောင်းဖြင့် ၄ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ရထိုက်ဟိုတယ်နှင့် Golden Sunflower(ဖူလီလိုက်) ဟိုတယ်တို့ပျက်စီး

 

D Day News

စက်တင်ဘာလ ၂၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ညဉ့်နက်သန်းခေါင်အချိန် လေကြောင်းဖြင့် ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရထိုက်ဟိုတယ်နှင့် Golden Sunflower(ဖူလီလိုက်) ဟိုတယ်တို့ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် အစောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်တွင် တစ်ကြိမ်၊ ၁ နာရီ ၃၅ မိနစ်တွင်တစ်ကြိမ်၊ နံနက် ၄ နာရီ ၂ မိနစ်တွင် တစ်ကြိမ်နှင့် ၄ နာရီ ၅ မိနစ်တွင် တစ်ကြိမ် လားရှိုးမြို့ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ အမှတ် ၂ ရပ် ကွက်ရှိ ရထိုက်ဟိုတယ်နှင့် Golden Sunflower(ဖူလီလိုက်) ဟိုတယ် တို့ အပါအဝင် အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်း၊ ပြည်သူထိခိုက်ဒဏ်ရာရရှိမှု သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက် ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက် နေ ကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်ပြောဆို နောက် တစ်ရက်အကြာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၁၇ မိနစ်အချိန် လားရှိုးမြို့ ပေါ်သို့ စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံး ၁ လုံးမှာ လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ အမှတ် ၃ အခြေခံပညာ အထက် တန်းကျောင်း ၏ မျက်နှာချင်း ဆိုင်ဘက်ရှိ လူနေ အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး အခြားဗုံးတစ်လုံးမှာ ရပ်ကွက် ၁ ၏ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်တွင် ကျရောက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပြည် သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *