ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားအနီး၌ စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေ ဆုံး (ရုပ်သံ)
D Day News
စက်တင်ဘာလ ၂၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ငမိုးရိပ်စစ်ကြောင်းထံမှ သိရ သည်။
စက်တင်ဘာလ ၂၁ နေ့တွင် ကလေးဝမြို့နယ်မှ ပစ္စည်း တင်ဆောင်လာသော သင်္ဘောများ၊ ဆား လင်း ကြီးမြို့နယ်မှ ကြေးနီတင်ဆောင်လာသော သင်္ဘောများနှင့် မုံရွာဆိပ်ကမ်းမှ သစ်တင်ဆောင် လာသော သင်္ဘောများ စုစုပေါင်း ၂၂ စီးများကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဦးမြို့နယ် ဆင် ဖြူရှင်တံတား အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယခုအ ခါ အဆိုပါ သင်္ဘောများမှာ မအူကျေးရွာ အနီး ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ငမိုးရိပ်စစ်ကြောင်း၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃)တောင်ပံနီ၊ Royal Tiger Foreအဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News