Mandalay News

0 0
Read Time:2 Minute, 8 Second

မြို့သာရဲစခန်းမှ ထွက်လာသော ရဲများကိုကို ပစ်ခတ်တိုက်ခိုက်မှု အမှုစစ်ရဲအရာရှိတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၂၃

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှုစစ် ရဲအရာရှိ တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောာင်း Hero Defence Force အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ကခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် မင်းနေကုန်းရဲစခန်းဘက်သို့ ထွက်လာသော ရဲ ၃ ဦးကို မင်းနေကုန်းရဲစခန်းအနီးအ ရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အမှုစစ်အရာရှိတစ်ဦးနှင့် ရဲတစ်ဦး တပ်သားတစ်ဦး သေဆုံးပြီး ကျန်ရဲတပ်သားတစ်ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ကားပေါ် ထွက်မှ ထွက်ပြေးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူများအနက် အမှုစစ်ရာအရာရှိသည် မြို့သာမြို့သို့ ရောက်ရှိလာခြင်းမရှိခင်က မန္တလေးနန်းတွင်း၌ နိုင်ငံရေးအပုဒ်များဖြင့် မတရားဖမ်းဆီးထားသူများကို စစ်ကြောရေးလုပ်ခဲ့သူဖြစ် ပြီး ကြိုတင်သတင်းရရှိထားသဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက်မှု အတွင်း ရဲများအသုံးပြုသည့်ကားမှာလည်း သုံးစားမရသည်အထိ ပျက်စီးသွားကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါ ကားပေါ်မှ G 3 ကျည်ဆံ ၃၇၄ တောင့်၊ G3 ကျည်ဘောက် နှစ်ခု၊ အခြား အသုံး အ ဆောင်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နှင့် MGN (TIGER) ညီနောင် မဟာမိတ် နှစ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *