Magway News

0 0
Read Time:3 Minute, 48 Second

ဂန့်ဂေါခရိုင် ကွက်ကဲရေးရုံးမှ လက်နက်ပြန်အပ်ရန် ထုတ်ပြန်ခြင်းသည် ဒေသတွင်းတော်လှန်ရေး အဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှုကို လျော့ကျစေပြီး မလိုလားအပ်သော ပဋိပက္ခများကို ဦး တည်စေသည်ဟု YPDF ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၃

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကွက်ကဲရေးရုံးမှ လက်နက်ပြန်အပ်ရန် ထုတ်ပြန်လိုက်ခြင်းသည် ဒေသ တွင်း တော်လှန်ရေး အဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှုကို လျော့ကျစေပြီး မလိုလားအပ်သော ပဋိပက္ခများကို ဦး တည်စေသည်ဟု ရှုမြင်ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဂန့်ဂေါခရိုင် ကွက်ကဲရေးရုံးမှ ယောဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင် တော်လှန်ရေးကို တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေကြသော ယောဒေသ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အပါအဝင် တပ်ရင်းတပ်ဖွဲ့တချို့ကို စက်တင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ လက်နက်ခဲယမ်းများ ပြန်လည်အပ်နှံကြရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ခိုင်လုံသည့် အကြောင်းပြချက်မပါရှိဘဲ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး အဖွဲ့အစည်းများအပေါ် မလေးစားသော ဆက်ဆံမှုဟု ယူဆပါကြောင်း၊ ယခုကဲ့သို့ ပြုမူခြင်းသည် ကြီးနိုင်ငယ်ညှဉ်း လုပ်ခြင်းဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်း ကြောင်းကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များအကြား အပြန်အလှန်ယုံကြည်မှု လျော့ကျကာ မလိုလားအပ်သော ပဋိပက္ခများကို ဦးတည်စေသည်ဟု ရှုမြင် ယူဆပါကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က ပြောကြားသည်။

 

ပြန်လည်အပ်နှံရန် အကြောင်းကြားလာသော လက်နက်များသည် ခွဲမှူးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းရဲဘော်များမှတဆင့် တော်လှန်ရေးလုပ်ဆောင်ရန် ဝန်ကြီးဌာနမှ တိုက်ရိုက်ထုတ်ပေး ခဲ့သော လက်နက်များဖြစ်ပြီး  ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF အနေဖြင့် စုစုပေါင်း (၄) လက်ရရှိခဲ့ကြောင်း သိရသည်။

 

လက်နက်များရရှိချိန်မှစ၍ ယနေ့အချိန်ထိ လက်နက်များကို တလွဲအသုံးချခြင်း၊ ရောင်းစားခြင်း၊ NUG ၏ ယန္တရားများအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ အနှောင့်အယှက်ပြုခြင်း၊ ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက်ခြင်းများ အလျဉ်းမရှိခဲ့ဟု ဆိုသည်။

 

ထုတ်ပေးထားသော လက်နက်များ ပြန်လည်အပ်နှံစေလိုပါက မူလက စတင်ချိတ်ဆက်ဆောင်ရွက် ခဲ့စဉ်က အတိုင်း လုံထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးရန် ကျန်ရှိနေ သော ကိစ္စရပ်များကို ဦးစွာ ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်လို့ ရမည်ဟု ယုံကြည်ပါကြောင်း YPDF က ပြောကြားသည်။

 

ထို့ကြောင့် အဆိုပါလက်နက်များကို လတ်တလောအတွင်း ပြန်လည်အပ်နှံခြင်း မပြုနိုင်သေးကြောင်း နှင့်ယခုကဲ့သို့ အပြန်အလှန်လေးစားမှုမရှိဘဲပြုမူဆောင်ရွက်ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *