မြိုင်မြို့နယ် ၊ ကန်ကြီးတောရွာ စာသင်ကျောင်းနှင့် အင်းရောင်းရွာကို ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှု စာသင်ကျောင်းပျက်စီး
D Day News
စက်တင်ဘာလ ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကြီးတောရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့ကြောင်း We Love Myaing ထံမှ သိရ သည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် ညနေ ၃ နာရီ ၂၉ မိနစ်အချိန်တွင် မြိုင်မြို့မြောက်ဘက် နှစ်မိုင် ကျော် အကွာအဝေးရှိ ကန်ကြီးတောရွာစာသင်ကျောင်းနှင့်အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တစ်စီးဖြင့် Rocket အလုံးရေ ၂၀ ကျော်၊ စက်သေနတ်များဖြင့် တရစပ် ပစ်ခတ်တို က်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကန်ကြီးတောရွာစာသင်ကျောင်း အမိုးအကာများ၊ မျက်နှာကျက် များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် စာသင်ကျောင်းတောင်ဘက်ရှိ ပြည်သူ့နေအိမ် တစ်လုံးလည်း အမိုး အကာများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်နေမှုကြောင့် စာသင် ကျောင်း ပိတ်ထားရသဖြင့် ကျောင်းသား၊ ကျောင်းသူများ အထိအခိုက်မရှိကြောင်း သိရသည်။
အလားတူ ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက် အစောပိုင်း ၂ နာရီ မိနစ် ၄၀ အချိန်တွင် တစ်ကြိမ်၊ ၂ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် မြိုင်မြို့မြောက်ဘက် အင်းရောင်းရွာ အရှေ့ထိပ်နှင့် ချောင်းအနီး တဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ပြီး ပြည်သူ ထိခိုက်မှုမရှိကြောင်း သိရသည်။
D Day News