Mandalay News

0 0
Read Time:4 Minute, 41 Second

ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ရဲ၊ စစ်သားများ ကင်းပတ်ပြီး ပြန်လာစဉ် ကြားဖြတ် တိုက် ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ဆိုင်ကယ် ၃ စီး သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၂၂

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ရဲနှင့် စစ်သားများ ကင်းလှည့်ပြီး ပြန်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် ဆိုင်ကယ် ၃ စီး သိမ်း ဆည်းရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၀ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ မြို့ နယ်မှူး ဒုရဲမှူး ဝင်းဆန်း၊ ညောင်ဦးမြို့နယ် စရဖ အရာရှိ တင်ထွန်းအောင်(ခ)တွတ်ပီနှင့် ညောင်ဦး မြို့နယ် နယ်ထိန်းခေါင်းဆောင် ချစ်မိုးတို့ ဦးဆောင်၍ စစ်ကား ၄ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် သနပ်ပင်ရွာ ဘက်ကို ကင်းပတ်ပြီး ငါ့သရောက်ရဲစခန်းသို့ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ငါ့သရောက် – ဇဂျမ်းပေါ်မှာ ကင်းပတ်ပြီးပြန်လာတဲ့ စစ်ကား ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးကို ကြားဖြတ် ပြီးတိုက်တာ၊ ဆိုင်ကယ် ၃ စီး သေနတ် ၁ လက်နဲ့ အလောင်း ၃ လောင်းသိမ်းဆည်းရရှိခဲ့တယ်၊ ကား ကလည်း စုတ်ပြတ်သတ်သွားတာ၊ မိုင်းအရင်ဆွဲပြီး ဝရုန်းသုန်းကားဖြစ်နေတဲ့အချိန် ကျွံထွက်လာတဲ့ သူတွေကို ဝိုင်းပစ်ကြတာ၊ ဝိုင်းပစ်တဲ့အချိန် ကားပါ ပိတ်မှန်တော့အကုန်ထွက်ပြေးသွားကြတာ။ ညောင်ဦးမြို့နယ်ထဲမှာဆိုရင် ဒီလိုပွဲမျိုးတွေက တစ်ခါမှ မလုပ်ဖူးဘူး။ ဒါပထမဆုံးပဲ။” ဟု ညောင်ဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံ ကိုဇီးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သား၊ ရဲ ၃ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ညောင်ဦးမြို့နယ် ဒုရဲမှူး ဝင်းဆန်၌ မျက်နှာ စုတ်ပြတ်၊ လက်မောင်းကျည်ထိဒဏ်ရာ၊ ညောင်ဦးမြို့နယ် စရဖ ဖမ်းဆီးရေး အ ရာရှိ တင်ထွန်း အောင် (ခ) တွက်ပီတွင် အပြင်းအထန်ဒဏ်ရာ၊ ညောင်ဦးမြို့နယ်၊ နယ်ထိန်းခေါင်း ဆောင် ချစ်မိုး တွင် မျက်နှာစုတ်ပြတ်အပြင်းအထန် အပါအဝင် ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ ၉ ဦးကို ညောင်ဦးခရိုင်ဆေးရုံသို့ တင်ထားစဉ် ၂ ဦးထပ်မံသေဆုံးသွားကြောင်း၊ ညောင်ဦးခရိုင် ဆေးရုံမှ ကုသနိုင်စွမ်းမရှိတော့သည့် အကြမ်းဖက်စစ်သား၊ ရဲများကိုလည်း ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်သို့ လွှဲပြောင်း  ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

“ဒဏ်ရာအပြင်းအထန် ရတဲ့အထဲမှာ ညောင်ဦးမြို့နယ်ထဲက အမျိုးသမီးငယ်တွေကို PDF ထောက်ပံ့ တယ် ဆိုပြီး ဖမ်းဆီး မုဒိမ်းကျင့်၊ ထောင်ချတဲ့ စရဖက တင်ထွန်းအောင်ဆိုတဲ့သူပါတယ်။ သူ့သတင်း က သေတယ်လို့ပြောတယ်၊ မသေဘူးလို့လည်းပြောတယ်၊ သေချာတာ တစ်ခုကတော့ မျက်နှာတွေ စုတ် ပြတ် သတ်သွားတာ၊ တင်ထွန်းအောင်၊ ညောင်ဦးမြို့နယ် ဒုရဲမှူး၊ နယ်ထိန်းခေါင်းဆောင်တို့ က တော့ မျက်နှာတွေစုတ်ပြတ်သတ်သွားတယ်၊ သေဆုံးစာရင်းတော့ အတိအကျမသိရသေးဘူး။ညောင် ဦးဆေးရုံက မနိုင်တဲ့ဟာတွေတော့ နေပြည်တောကို ပို့နေတယ် လို့သိရတယ်။” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်တာဝန်ခံ ကိုဇီးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ ၊ ရန်ကြီးအောင် PDF ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ ၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ ၊ Popa Production and Guerilla Force ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ နှင့် Black Tiger (မြင်းခြံ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး အခြေစိုက်ရာ ဧရာဝတီ မြစ်အနောက် ဘက်ခြမ်း မကွေးတိုင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *