Mon State News

0 0
Read Time:4 Minute, 6 Second

မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်မည်ဟု တော်လှန်ရေးတွင် ပါဝင်လျက်ရှိသော မွန်လူငယ်အဖွဲ့အစည်း ၁၁ ဖွဲ့က ဘုံသဘောတူညီချက်ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၁

 

မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်ပြီး မွန်ပြည်နှင့် မွန်ပြည်၏ ပြည်သူလူထုကို ကိုယ် စားပြုနိုင်မည့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန် ရေးတွင် ပါဝင်လျက်ရှိသော မွန်လူငယ်အဖွဲ့အစည်း ၁၁ ဖွဲ့က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဘုံ သဘောတူညီချက်ထုတ်ပြန်လိုက်သည်။

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက လွတ်မြောက်နယ်မြေတစ်နေရာ၌ တော်လှန်ရေးတွင် ပါဝင်လျက်ရှိ သောမွန်လူငယ်များသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ နိုင်ငံရေးအစုအဖွဲ့များ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အင်အားစုများ စသည့် အစု အဖွဲ့ (၁၁) ခုမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအတွင်း မွန်ပြည်၏ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာမှု အခြေအနေ များ ကို ဆွေးနွေးခဲ့ကြပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးတို့အတွက် တော်လှန်ရေး အစုအဖွဲ့အသီးသီးအကြား ချိတ်ဆက်မှုနှင့် ပူး ပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း မြှင့်တင်လာစေရေး အလေးပေး ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စသည့် တူ ညီသော ဘုံရည်မှန်းချက်များကို အောင်မြင်ပြည့်မြောက်နိုင်စေရန် အစုအဖွဲ့အသီးသီးမှ မွန်လူငယ် များအနေဖြင့် အောက်ပါဘုံသဘောတူညီချက်များအား ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

၁။ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်ပြီး မွန်ပြည်နှင့် မွန်ပြည်၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မည့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန်။

 

၂။ မွန်ပြည်အတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်။

 

၃။ စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်စေရေး ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ အား ပြည်သူလူထုအပါအဝင် အစုအဖွဲ့များအားလုံးက ဆန့်ကျင် တော်လှန် တိုက်ဖျက်သွားရန်။

 

။ မွန်ပြည်နှင့် ထိစပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုအခြေအနေများကို ထိ ရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရေး တော်လှန်သောအစုအဖွဲ့များမှ စနစ်တကျ ချိတ်ဆက်ပြီး ပူး ပေါင်း ဆောင်ရွက်သွားရန်။

 

စသည့်အချက်တို့သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သဘောတူညီချက်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ – လူငယ်ကိုယ်စားလှယ် (MSFC) ၊ ရာမ ညဖက်ဒရယ်အင်အားစုသစ် (NRFF) ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Mawlamyine University Students’ Union) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ ရေးပြောက်ကျားတပ် (YGF) ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurfom) နှင့် အမည်မဖော်လိုသည့်အစုအဖွဲ့ (၄) ဖွဲ့တို့ ပူးပေါင်းကာ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *