Dawei Jail News

0 0
Read Time:4 Minute, 14 Second

ထားဝယ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်သား၊ ရဲများက ထောင်ပြင်ပ ခေါ်ထုတ်ပြီး သတ်ဖြတ်

 

D Day News

ဧပြီလ ၇

 

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို အကြမ်းဖက်စစ် သား၊ ရဲတပ်ဖွဲ့ဝင်များက ထောင်ပြင်ပ ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့က ထားဝယ်အကျဉ်းထောင်အတွင်းမှ အက် ၂၅ နှစ်အရွယ် ကိုမင်းသူ(ခ) မော်လဝီရှက်မင်းကို အကျဉ်းထောင်ပြင်ပခေါ်ထုတ်ခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း၊ ထိုသို့သတ် ဖြတ်မှုကို အကျဉ်းထောင်အာဏာပိုင်များက မိသားစုဝင်များက မေးမြန်းချိန်မှသာ ပြောပြခဲ့ခြင်းဖြစ် ပြီး အခလာင်းကိုကို မိသားစုမှ မြင်တွေ့ခွင့်မရရှိခဲ့ကြောင်း သိရသည်။

 

အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် အကျဉ်းထောင် လုပ်ထုံး လုပ်နည်းအရ စာပို့အကြောင်း ကြားခြင်း၊ ဖုန်းဆက်အကြောင်းကြားခြင်းလုပ်ဆောင်ရန် တာဝန်ရှိသော်လည်း ထိုသို့ လုပ်ဆောင် ခြင်း မရှိပဲ သတင်းဖုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)

က ထောက်ပြထားသည်။

 

အလားတူ အသက်-၃၁ နှစ် အရွယ် ကိုအောင်ကျော်ဇင်သည်လည်း ပုဒ်မ-၄၉ က၊ ၅၀ – ဃ၊ ၅၂ – က တို့ဖြင့် ထောင်ဒဏ် ၁၉ နှစ်အမိန့်ချခံထားရပြီး ၅၄ (က) ဖြင့်အမှုထပ်မံရင်ဆိုင်နေရစဉ် မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကိုမန်ဇာမြေမွန်နှင့်အတူ ကိုအောင်ကျော်ဇင်တို့ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင် များ က မြို့တော်ခန်းမ စစ်ကြောရေးသို့ ခေါ်ဆောင်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ရိုက်နှက်ခံရမှုကြောင့် ချောင်းဦးလူငယ်သပိတ်ခေါင်းဆောင် ကိုမန်ဇာမြေမွန် စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး ကိုအောင်ကျော်ဇင်သည် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ ရိုက်နှက်ခြင်း ကြောင့် ရရှိဒဏ်ရာများဖြင့် မတ်လ၂၉ ရက်နေ့တွင်သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူကိုအောင်ကျော်ဇင်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီအချိန်တွင်  အ ကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

 

ကိုအောင်ကျော်ဇင် သေဆုံးမှုနှင့်ပက်သက်၍လည်း အကြမ်းဖက်စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အကျဉ်း ဦးစီး ဌာန အနေဖြင့် မိသားစုထံ ရုပ်အလောင်းပြန်လည်ပေးပို့ခြင်းမရှိသလို အသိပေးအကြောင်းကြားခြင်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထား သည်။

 

အလားတူ မတ်လ ၁၆ ရက်နေ့က အကြမ်းဖက်စစ်‌ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ပုဒ်မ ၅၀၅-က၊ ၅၂ – က ၊ ၅၁ – ဂတို့ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည့် အသက် ၃၅ နှစ် အရွယ် နိုင်ငံရေး အကျဉ်းသား ကိုဝင်းသီဟ ကိုသက်သေခံ ပစ္စည်းများလိုက်ပြရန်ဟူသော အကြောင်းပြချက်နှင့် ခေါ် ထုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသားကိုဝင်းသီဟကို ခေါ်ထုတ်သွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံစုံစမ်းရာက ကိုဝင်းသီဟအား သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးရန်ကြံစည်သဖြင့် ခြောက်လန့်ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားသည်ဟု ထားဝယ်အကျဉ်းဦးစီးဌာနကပြောကြားခဲ့ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *