နောင်ချိုမြို့မဈေးအတွင်းသို့ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ
D Day News
စက်တင်ဘာလ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့မစျေးအတွင်းသို့ အကြမ်းဖက် စစ် ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က တအာင်းပြည်၊ တပ်မဟာ(၂) နယ် မြေ နောင်ချိုမြို့အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို ညစျေးတန်း တစ်နေရာ၊ မြိုမစျေး တစ်နေရာနှင့် စျေးရပ်ကွက် နယ်မြေ(၄)တွင် တစ် နေရာ စုစုပေါင်း (၃)နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှင့် ဈေးဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀) ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ် (၂၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက် မှု ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများ အပြားရှိကြောင်း သိရသည်။
D Day News