Magway News

0 0
Read Time:2 Minute, 11 Second

စလင်းမြို့နယ်ရှိ ကပစ ၂၅ နှင့် ၂၁ ကိုသွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းကို ဖြတ်တောက်၊ ယင်းမီးလိုင်းလာပြင်သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၁

 

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၅ နှင့် ကပစ ၂၁ ကို သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းကို ဖြတ်တောက်ခဲ့ပြီး ယင်းမီးလိုင်းကို ပြုပြင်ရန်လာရောက် အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ သတင်း ရင်းမြစ်ထံက သိရသည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်စက်ရုံများဖြစ်သည့် ကပစ ၂၅ နှင့် ကပဖ ၂၁ တို့ကို သွယ်တန်းထားသော မီးလိုင်းများကို စလင်းပကဖကဖြတ်တောက်လိုက် ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖြတ်တောက်ခံထားရသည့် မီးလိုင်းများကို ပြည်လည် ပြုပြင်ရန် လာ ရောက် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ Drone ဖြင့် ဗုံးကြဲ တိုက် ခိုက်ခြင်း၊ Rocket ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၈ ဦး သေဆုံးပြီး ၁၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နယ်မြေ ၃ ၊ နယ်မြေ ၂ ၊ မကွေး တိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့သည့် သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူး ခရိုင် တပ်ရင်း ၁ နှင့် မင်းဘူးခရိုင်တပ်ရင်း ၅ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *