Poem

0 0
Read Time:1 Minute, 11 Second

ကဗျာကဏ္ဍ “သပိတ်တိုက်ပွဲ”

 

ပျိုးကြဲလက်

 

ရွေးကောက်ခံ အစိုးရ

ဖြုတ်ချ၍သင်း အောင်လံထူမယ်

စုတ်ကတေ့မင်း နောင်ခံယူတယ်

ငြူစူကာ လူပါးဝပါဘိ

တပ်မတော် သစ္စာဖောက်လို့

ကျွန်သဘောက် ဖြစ်ပြီ ။

 

မဲပိုင်ရှင် လမ်းမှာထွက်

ချီတက်လို့ အရေးဆိုလျှင်

ပြည်ဖျက်ဖို့ အတွေးပိုတယ်

ညစ်ထေးသကို ပစ်မိန့်ချပြီမို့

ကမ္ဘာမှာ သရုပ်ပျက်

လုပ်ရက်ကြသည် ။

ခေတ်ပြောင်းအောင် ခေါင်းကိုပစ်ပါလို့

စစ်ခေါင်းဆောင် မောင်းကိုညှစ်တာမို့

လူညစ်ခေါင် ဆရာတပည့်

ရှိရှိသမျှ ယတြာဆင်လို့

ပြည်တခွင် ဖျက်သည့်အကြား

လူငယ်များက တပ်ဦးချီ

သပိတ်အလီလီ ဆင်နွှဲ ။

 

တဗိုလ်ကျရင် တဗိုလ်တက်ပါဘိ

အဖိုးအနဂ္ဂတန် ဇာနည်ဘွားရယ်က

အမျိုးဘဝဂ်ကညံ သာကီဖွားပေမို့

အားကိုးဖွယ့် မောင်မယ်အစုံညီနဲ့

တို့ပြည်ဝယ် ဖယ်ဒရယ်ရအောင်

ချီတက်ကြဆဲ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ညနေ ၅ နာရီ ၁၈ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *