NUG News

0 0
Read Time:7 Minute, 58 Second

မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ဖိအားပေးအကြပ်ကိုင်၍သော်လည်းကောင်း၊ သွေးဆောင် ဖြား ယောင်း စည်းရုံး၍သော်လည်းကောင်း မိသားစုလွှဲပို့ငွေ လွှဲပို့စေခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့ အ စည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား ထိရောက်ပြင်းထန်စွာယူမည်ဟု NUG အစိုးရ ကြေညာ

 

D Day News

စက်တင်ဘာလ ၂၀

 

မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် ဖိအားပေးအကြပ်ကိုင်၍သော်လည်းကောင်း၊ သွေးဆောင် ဖြား ယောင်း စည်းရုံး၍သော်လည်းကောင်း မိသားစုလွှဲပို့ငွေ လွှဲပို့စေခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင်များအား ထိရောက်ပြင်း ထန်စွာယူမည်ဟု NUG အစိုးရ၊ အလုပ် သမားဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကြေညာလိုက်သည်။

 

အဖက်ဖက်မှ ရှုံးနိမ့်နေပြီဖြစ်သော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများအတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံခြား ငွေကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ‌သမ္မာအာဇီဝ ချွေးနည်းစာမှ အဓမ္မခေါင်းပုံဖြတ်၍ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာဝင်ငွေ၏ အနည်းဆုံး ၂၅ % ကို လစဉ် သို့မဟုတ် သုံးလလျှင် တစ်ကြိမ် ၎င်းတို့ သတ်မှတ်ထားသော ဘဏ်နှင့် ငွေကြေးဝန်ဆောင် မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် ၂၈-၈-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၀၈/၂၀၂၄) ထုတ်ပြန်၍ လည်းကောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက ကြီးကြပ် ဆောင်ရွက်ရန် ညွှန်ကြားစာများပေးပို့၍လည်းကောင်း ဖိအားပေးလျက် ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအမိန့်ကြော်ငြာစာတွင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ငွေလွှဲပို့ခဲ့သည့် အထောက်အထား စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထားပြီး မိမိအား တာဝန်ယူစေလွှတ်ပေးခဲ့သည့် အေဂျင်စီများထံ မိတ္တူပေးပို့ရန်နှင့် အေဂျင်စီများက စစ်ကောင်စီ လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနအမည်ခံ အကြမ်းဖက်ထောက်တိုင် အဖွဲ့ အစည်းထံ လစဉ် စာရင်းကို မပျက်မကွက် ပေးပို့ရန်၊ လိုက်နာရန် ပျက်ကွက်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ကာလအကန့်အသတ် ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသတ်သေခံကတ် (OWIC) ထုတ်ပေးမှု မပြု ခြင်း၊ နိုင်ငံကူးလက် မှတ် သက်တမ်းတိုးခွင့် မပြုခြင်း စသည်တို့အပြင် ပြင်းထန်သည့် အရေးယူမှု များပြုလုပ်မည် ဖြစ် ကြောင်း ခြိမ်းခြောက် အကြပ်ကိုင်ထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ် အကိုင်ဆိုင်ရာဥပဒေပါ အေဂျင်စီများနှင့် အလုပ်သမားများ၏ တာဝန်များ၌ ပြဋ္ဌာန်းထားမှု မရှိသဖြင့် ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ ဥပဒေကို ကျော်လွန်ကာ မတရားဖိနှိပ်သည့် လုပ်ရပ်များ ဖြစ်ကြောင်း၊ ထို့ပြင် ထုတ်ပြန်ထားသည့် အေဂျင်စီများ လိုက်နာရမည့် ကျင့်ဝတ်(Code of Conduct) တွင် အလုပ် သမား၏ ပြည်ပလစာငွေလွှဲပို့ခြင်း (မိသားစုလွှဲပို့ငွေ)နှင့်စပ်လျဉ်း၍ အေဂျင်စီများက ကြီးကြပ်ရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိမှု မရှိခြင်း၊ အေဂျင်စီနှင့် အလုပ်သမားတို့ ချုပ်ဆိုရသည့် စာချုပ်တွင် အလုပ်သမား၏ ဆန္ဒမပါဘဲ မိသားစုလွှဲပို့ငွေ မဖြစ်မနေ လွှဲပို့ရမည်ဟု ဖိအားပေး ထည့်သွင်းချုပ် ဆိုစေခြင်းတို့သည် မတရားသည့် အမိန့်၊ ညွှန်ကြားချက်များသာ ဖြစ်ကြောင်း NUG အစိုးရက ထောက်ပြထားသည်။

 

ပြည်ပမှ ရရှိသည့် လစာဝင်ငွေ လွှဲပို့သည့် အထောက်အထားများ မပြသနိုင်ပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မပြုခြင်းအပြင် ပြင်းထန်သည့် အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း အမိန့် ကြော်ငြာစာတွင် ဖော်ပြ၍ အရေးယူမှုများ ပြုလုပ်နေခြင်းသည် တည်ဆဲဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် များနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံသားတိုင်းနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရှိသည့် အခြေခံနိုင်ငံသား အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မိသားစုလွှဲပို့ငွေ အထောက်အထား မပြသနိုင်သည့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမား များ အပြင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေသည့် ပြည်ပ ရောက် မြန်မာနိုင်ငံသားများနှင့် စစ်အုပ်စု၏ အကြမ်းဖက်ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာနိုင်ငံသားများကိုလည်း စစ်ကောင်စီ လက် အောက်ခံ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ်သက်တိုးခွင့် မရရှိစေရန် ဖိနှိပ် ထားခြင်းဖြင့် အခြေခံ အခွင့်အရေးများ ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း၊ ထို့ပြင် အထောက်အထား ပြည်စုံစွာ တင်ပြနိုင် ခြင်း မရှိသည့် အေဂျင်စီ ၁၃၅ ခု ကိုလည်း စေလွှတ်ရေး လုပ်ငန်းစဉ်များ ပိတ်ပင်အရေးယူထား ကြောင်း သိရှိရသည်။

 

သို့ဖြစ်ပါ၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များအနေဖြင့် ပြည်တွင်း၌သာမက ပြည်ပရောက် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး များကို နည်း မျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များတွင် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ မတရားသည့် အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မပြုကြရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပေါ် ဖိအားပေးအကြပ်ကိုင်၍သော်လည်းကောင်း၊ သွေးဆောင်ဖြားယောင်း စည်းရုံး၍သော်လည်း ကောင်း မိသားစုလွှဲပို့ငွေ လွှဲပို့စေခိုင်းသည့် အေဂျင်စီများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအကျိုးဆောင် များအား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည် ဖြစ် ကြောင်း အသိပေးထားည်။

 

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ အနေ ဖြင့်လည်း စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် နိုင်ငံသားများ အပေါ် အခြေခံလူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်နေမှု၊ ဖိနှိပ်နေမှုများအပေါ် တားမြစ်ပေးပါရန်နှင့် ကျူးလွန်နေသည့် အကြမ်းဖက် စစ် ကောင်စီအား အမြန်ဆုံး ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *