Bago News

1 0
Read Time:2 Minute, 31 Second

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းအနီးတံတားထိပ်သင်္ချိုင်းကုန်း၌ ကင်းပုန်းဝပ်နေသော ရဲ၊ ပျူများနှင့် စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ ပျူတစ်ဦးတို့ကို တိုက်ခိုက်မှု ၇ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၀

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြိုနယ်၊ အလယ်ကုန်းရဲစခန်းအနီး တံတားထိပ် သင်္ချိုင်း ကုန်း၌ ကင်းပုန်းဝပ်နေကြသော ရဲ၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးသွားကြောင်း သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းမှ ရဲနှင့် ပျူ အင်အား ၂၀ ဦးခန့် သည် တံတားထိပ် သင်္ချိုင်းကုန်း၌ ကင်းပုန်းဝပ်နေကြောင်း သတင်းအရ သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၆ Black Dragon GBK-PDF မှ သွားရောက် တိုက်ခိုက်ခဲ့ရှင်းလင်းခဲ့ ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှု အတွင်း ရဲ ၂ ဦး ပျူ ၄ ဦး လက်နက်ကြီးထိမှန်သေဆု့းသွားကြောင်း သိရသည်။

 

ထို့အပြင် ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာမှ စစ်တပ်အတွက်အလုပ်လုပ် ပေးနေ သူ သန့်ဇင်အောင် ကို ပဲခူးရိုးမအစပ်ရှိအေးရွာလေးထိပ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် ကုန်းရွာမှ စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ သန့် ဇင်အောင်သည် ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာထိပ်၌ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းစုံစမ်းရန် ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက်ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသို့ စစ်ဆေး နေစဉ် စက်တင်ဘာလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် စခန်းမှ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီး ရာသေဆုံးသွားကြောင်း သိရသည်။

 

ဆက်လက်၍လည်း စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက် သွား မည်ဖြစ်ပြီး မိဘ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြု လုပ် ကြရန် အထူး အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *