Weather News

0 0
Read Time:3 Minute, 46 Second

အပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့် မြန်မာနိုင်ငံနေရာဒေသအတော်များများတွင် မိုးသည်း ထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်

 

D Day News

စက်တင်ဘာလ ၁၉

 

အပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့် မြန်မာနိုင်ငံနေရာဒေသအတော်များများတွင် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

 

ယနေ့ စက်တင်ဘာလ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီအချိန် နိုင်ငံတကာ မိုးလေဝသဌာန များ၏ ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် Soulik သည် ယနေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိ ကြောင်း၊ အပူပိုင်းမုန်တိုင်း၏ ဗဟိုချက်လေဖိအားမှာ တစ်နာရီလျှင် ၆၅ ကီလိုမီတာ (မိုင်၄၀)ခန့်မှ ၇၄ ကီလိုမီတာ(၄၆မိုင်)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

 

အဆိုပါအပူပိုင်းမုန်တိုင်း Soulik သည် အနောက်ဘက်သို့ဦးတည်ရွေ့လျားနေပြီး လာမည့် (၂၀)ရက် နေ့ အစောပိုင်းအတွင်း လာအိုနိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ကာ အနောက်-အနောက် မြောက်ဘက်သို့ ဦးတည်ရွှေ့လျားနေကြောင်း၊ ၂၀ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့ဘက်တွင် အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မုန်တိုင်းနှင့်အတူ မုတ်သုံလေများတိုက်ခတ်ခြင်းကြောင့် လာမည့် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ အ ရှေ့ပိုင်း၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေး တိုင်း၊ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ အရှေ့တောင်ပိုင်း ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊  ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

 

အဆိုပါ အပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့် မြန်မာနိုင်ငံနေရာဒေသအတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့်ဒေသများတွင် ရေ လွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသဖြင့် ဒေသနေမိဘပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် ကမ်းပြို/မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန်နှင့် မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့် အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုး ဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *