CDM News

0 0
Read Time:1 Minute, 23 Second

ဆောမြို့မရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

 

D Day News

စက်တင်ဘာဘ ၁၉

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း Saw PDF ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆောမြို့နယ် မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား တပ်ကြပ် ကြီးတစ်ဦးသည် အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံ ဆက်သွယ်ပြီး စက်ကလေး ခေါ် MA-2 သေနတ် ၊ ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး လက်နက်အမျိုးအစားပေါ် မူတည်ကာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

ယခုအချိန်သည် အကြမ်းဖက်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေသည့် ကာလ ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်သားများအနေဖြင့် မင်းအောင်လှိုင်၏ အကြမ်းဖက်တပ်ကို စွန့်ခွာ၍  ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးဝင်ရောက်ခိုလုံကြပါရန် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း – Saw PDF က တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *