Mandalay News

0 0
Read Time:3 Minute, 42 Second

အမရပူရမြို့နယ်၊ ရွှေကြက်ယက်အုပ်စုအတွင်းရှိကျေးရွာနေပြည်သူများ စစ်သားစုဆောင်းမခံရဟု အ ကြောင်းပြကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တစ်အိမ်လျှင် ငွေကျပ် သိန်းချီတောင်းခံနေ

 

D Day News

စက်တင်ဘာလ ၁၉

 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ စစ်သား စုဆောင်းမခံရစေရေးဟု အကြောင်းပြကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တစ်အိမ်ထောင်လျှင် ငွေကျပ် သိန်းချီတောင်းခံနေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

အရပူရမြို့နယ်၊ ရွှေကြက်ယက်အုပ်စုအတွင်း၌ ပတ္တမြားရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ယက္ကန်းတော် ရပ်ကွက်၊ ခဝါတော်ရပ်ကွက်၊ သပြေတန်းရပ်ကွက် စသည့် ရပ်ကွက် ၅ ခုရှိပြီး ယက္ကန်းတော်ရပ်ကွက် ၌ အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းခွဲ၊ ရွာသစ်ရပ်ကွက်၌ အိမ်ထောင်စုတစ်စုလျှင် တစ်သိန်း နှစ်‌ သောင်း၊ ပတ္တမြားရပ်ကွက်၌ တစ်အိမ်ထောင်လျှင် တစ်သိန်း၊ ခဝါတော်ရပ်ကွက်တွင်တစ်အိမ်ထောင် လျှင် ၅ သောင်းစသည်ဖြင့် ကောက်ခံနေကြောင်း သိရသည်။

Photo – အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး တပ်ထဲရောက်ရှိလာသူများကို စစ်တပ်က ကြိုဆိုနေသည့်မြင်ကွင်း

“ကျနော်တို့ဆီမှာ စစ်မှုထမ်းလာကောက်နေတယ်၊ ပတ္တမြား၊ ရွာသစ်၊ ယက္ကန်းတော်၊ ခဝါ၊ သပြတန်း ၊ ၅ ရွာလာကောက်နေတယ်၊ သူက တစ်အိမ်ထောင်ကို တစ်သိန်း၊ အုပ်ကြီးတွေ၊ ဆယ်အိမ်မှူးတွေက ကောက်နေတာ၊ အဲဒီတစ်သိန်းကောက်ပြီး ၆ လအတွင်း စစ်သားမစုဆောင်းအောင် စစ်တပ်ကို လာဘ်ထိုးရမယ်၊ နောက် ၆ လကျရင်လည်းအဲလိုပဲ ပိုက်ဆံကောက်လာဘ်ထိုးရမယ်ဆိုပြီး ကောက် နေတာ၊ ၆ လတစ်ခါ ပေးနေရမှာပေါ့၊ အိမ်ခြေနည်းတဲ့ရွာကျတော့ တစ်သိန်းခွဲ၊ အိမ်ခြေများတဲ့ရွာကျ တော့တစ်သိန်း အဲလိုအမျိုးမျိုးကောက်နေတာ၊တကယ်လို့ ပိုက်ဆံမပေးရင် တစ်ရွာကို စစ်သား ၂ ယောက်ပေးရမယ်၊ အိမ်ခြေ ၂၀ ရှိတဲ့ရွာလည်း ၂ ယောက်ပေးရမယ်၊ ၂၀ ရှိတဲ့ရွာလည်း ၂ ယောက်ပေး ရမယ်ဆိုပြီး အုပ်ကြီးတွေက ခြိမ်းခြောက်နေတာ။” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ပတ္တမြားကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ ရွာသစ်ကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်နှင့်ကျန်ကျေးရွား များမှာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည့် ကျေးရွာများဖြစ်ပြီး ရွှေကြက်ယက်အုပ်စုအတွင်းရှိ အုပ်ချုပ်ရေး မှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ပြည်သူလူထု အပေါ်၌ မတရားဆက်ကြေးကောက်၍ ကြီးပွားချမ်းသာနေကြောင်း သိရသည်။

 

“ရွှေကြက်ယက်က အုပ်ကြီးတွေအတွက် စီးပွားရေးဂွင်ဖြစ်နေတာ၊ ရွှေကြက်ယက်က သူတို့အတွက် စားဂွင်ကြီးပဲ၊ စစ်မှုမရအောင် လုပ်ပေးမယ်ဆိုတာလည်း သူတို့အတွက်ပါ ကျန်လို့ လုပ်နေတာ၊ စစ် တပ်ကို လာဘ်ထိုးတာဝက်ဆိုရင် သူတို့အတွက်က တစ်ဝက်ပဲ၊ အခုရွာသူရွာသားတွေက ပိုက်ဆံ မပေးနိုင်ဘူးပြောတော့ တစ်ရွာကို စစ်သား ၂ ယောက်ပေးရမယ်ပေါ့၊ အဲလိုခြိမ်းခြောက်နေတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *