Sagaing News

0 0
Read Time:4 Minute, 26 Second

ချောင်းဦးမြို့နယ်တပ်ရင်းများစုဖွဲ့ပြီး ပျူစောထီးစခန်းများ၊ စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

 

D Day News

စက်တင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများစုပြီး ပျူစောထီးစခန်းများ၊ စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်းများ စုပေါင်းပြီး ထုတ်ပြန်ထားသည်။

 

မြို့နယ် တပ်ရင်းများ စုဖွဲ့မှု စစ်ကြောင်း၏ ပထမ ဆုံးသော စစ်ဆင်ရေးအဖြစ် ချောင်းဦးမြို့ပေါ်မှ ကင်မွန်းတော် ပျူရွာသို့ ရိက္ခာပို့လာသော စစ်ကြောင်းအား ဖြတ်တောက်ပိတ်ဆို့ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ၏ ရိက္ခာစစ်ကြောင်းသည် ချောင်းဦးမြို့ပေါ်တွင်ပင် ပိတ်မိနေခဲ့ပြီး အောင်မြင်စွာ ဖြတ် တောက်ပိတ်ဆို့နိုင်ခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးအား စစ်ဒေသ တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ၆ နှင့် ပူး ပေါင်းစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၃၀ ရက်နေ့က မုံရွာ-မန္တလေး လမ်းပိုင်း စိုးမိုးရေးအတွက် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ကင်ပုန်းများကို တိုက်ခိုက်ချေမှုန်းရေး အကောင်အထည်ဖော်ခဲ့ရာ ယင်းတစ်နေ့တည်းအတွင်း တိုက် ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ၁၀ ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် မုံရွာခရိုင် တပ်ရင်း ၆ မှ ပြည်သူ့ကာကွယ်ရေး ရဲဘော် တစ်ဦး မြင့်မြတ်စွာ အသက် ပေးလှူ ခဲ့ရကြောင်း သိရသည်။

 

တတိယ အကြိမ်စစ်ဆင်ရေးအဖြစ် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာအား ဩဂုတ်လ ၂၈ ရက်နေ့ မှ စတင်၍ ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၃ ရက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှလေကြောင်း ပစ်ကူ၊ မုံရွာ စွမ်းရည်ထက်မှ လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခုခံခဲ့သည့်အပြင် မုံရွာ နမခ မှ ရေကြောင်းစစ်ကူများ ရောက်ရှိလာသဖြင့်ပျူရွာစခန်းအား သိမ်းပိုက်လုနီးပါး အခြေအနေတွင် ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ယင်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သားများအား ရုပ်ပိုင်းဆိုင်ရာ အကျအဆုံးနှင့် အပျက်အစီး များ စွာ ဖြစ်ပေါ်သည်အထိ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း ထိရောက်စွာ ခြိမ်း ခြောက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ဆင်ရေးများကို ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများဖြစ်သော မုံရွာခရိုင် အမှတ် ( ၅၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇) တပ်ရင်းများက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဗျူဟာစုဖွဲ့မှုဆိုင်ရာ မြေပြင်တပ်မှူးသင်တန်း ပြီးဆုံးပြီးသည်မှ စ၍ အကောင်အထည်ဖော် လှုပ်ရှားခဲ့ ခြင်းဖြစ်ပြီး ချောင်းဦးမြို့နယ်တွင်း၌ အကြမ်းဖက်စစ်ကောင်စီ ကင်းစင် နိုင်ရေးအတွက်လည်းတစိုက် မတ်မတ်စုဖွဲ့ ပြင်ဆင်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

ချောင်းဦးမြို့နယ် အခြေစိုက် တပ်ရင်းများအနေဖြင့် စစ်ဘက်ဆိုင်ရာ သတင်း စောင့်စည်းမှုများ ကြောင့် လူမှုကွန်ရက်များတွင် သတင်းထုတ်ပြန်ကြေညာခြင်းများ မပြုလုပ်ခဲ့သော်လည်း ယခုအခါ တွင် လက်နက်နှင့် ကျည်မျိုးစုံအင်အား အားနည်းလာပြီး ဘဏ္ဍာငွေ လိုအပ်ချက်မြင့်မား လျက်ရှိ သောကြောင့် မလွှဲသာမရှောင်သာ သတင်းထုတ်ပြန်၍ မိဘပြည်သူများအား အသိပေး အကူအညီ တောင်းခံရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ မှ အလှူရှင်များအနေဖြင့်လည်း ချောင်းဦးမြို့နယ်တွင်း၌ အကြမ်းဖက် စစ်ကောင်စီကင်းစ်ရေးအတွက် မြို့နယ်စုဖွဲ့မှု စစ်ဆင်ရေးစစ်ကြောင်းများအား တတ်စွမ်းသမျှ ဝိုင်း ဝန်းပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *