Sagaing News

0 0
Read Time:2 Minute, 5 Second

ဒီပဲယင်းမြို့ပေါ်ရှိ စစ်သားများတပ်စွဲထားရာနေရာ ၅ ခုကို တပြိုင်တည်းဝင်တိုက်ခိုက်မှု ပုပ္ပါရုံဘုန်းရှိ စစ်သားများ ထွက်ပြေး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာ ၅ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုပ္ပါရုံကျောင်း၌ တပ်စွဲထားသော စစ်သားများ အထိအခိုက်များစွာဖြင့် ထွက်ပြေးသွားကြောင်း Freedom Revolution Force (FRF) ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၇ ရက် နေ့က ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချထားသော ကံပြား ရွာ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အ.ထ.က စာသင်ကျောင်းနှင့် ကုန်းသာဦး ဘုရား စသည့်နေရာ ၅နေရာအား တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း ကံပြားရွာ ပုပ္ပါရုံကျောင်း၌တပ်စွဲထားသော စခခန့်မှန်းအင်အား ၂၀ ခန့် သည် အထိခိုက်များစွာဖြင့် တပ်စွဲထားသောနေရာအား စွန့်ခွာထွက်ပြေးသွားခဲ့ပြီး ရွှေဇာလီကုန်း ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကိုလည်း ၄၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း၊ ထိုသို့ ထိမှန်ခဲ့သော အကြမ်းဖက်စစ်သားများကို သယ်ဆောင်ကာ အထက စာသင်ကျောင်းဘက်သို့ ထက်ပြေးပူးပေါင်းသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF)နှင့်အတူ ​ဒီပဲယင်းမြို့နယ် ပကဖ တိုက် နယ် ၅ ၊ Burmese Guerrilla Force (GBF) အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *