Chin State News

0 0
Read Time:3 Minute, 29 Second

ထန်တလန်မြို့ပေါ်ရှိ စစ်သားများ တပ်စွဲထားရာ လိုင်ဗီလာတည်ခိုခန်းကို တိုက်ခိုက်သိမ်းမှု စစ်သား ၇ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ လိုင်ဗီလာတည်စခန်းမှ စစ်သား ၃ ဦး တိုက် ပွဲ မစမီတစ်ရက်အလို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

စက်တင်ဘာလ ၁၈

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ လိုင်ဗီလာတည်းခိုခန်းစ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF ထန်တလန်ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ထန်တလန်မြို့ပေါ်ရှိ အ ကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို ချင်းတော် လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၇ ဦးခန့်သေဆုံးပြီး ဒဏ် ရာ အများအပြားရရှိထွက်ပြေးသွားသဖြင့် လက်နက် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထန်တလန်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာက ၄ ခုရှိတာပေါ့၊ အဲဒီထဲက လိုင်ဗီလာဆိုတဲ့ နေရာတစ်ခုတော့ မနေ့က ၁၁ ခွဲကနေစပြီးတော့ စစ်ဆင်ရေးစတယ်၊ ညနေ ၄ နာရီလောက်မှာ အပြီး အပိုင်သိမ်းပိုက်နိုင်ခဲ့တာပေါ့။ လက်နက်ခဲယမ်းတွေလည်းသိမ်းရရှိထားတယ်၊ စကစ ၇ ဦးလောက် သေတယ်။ ဒဏ်ရာရတဲ့ဟာလည်းရှိတယ်။ ဒီစစ်ဆင်ရေးမှာက Chinland အစိုးရ တပ်ဖွဲ့တွေနဲ့ ၁၅ ဖွဲ့လောက်ပါတာပေါ့။ လက်နက်ကတော့ တော်တော်များများရခဲ့ပါတယ်၊ကျည်ဆံ တို့၊ တခြားပစ္စည်း တွေရောပေါ့၊ တော်တော်များများရခဲ့တယ်လို့ပြောလို့ရပါတယ်။ ကျန်နေတဲ့စခန်းကို ဆက်လက်ထိုး စစ်ဆင်တိုက်နေတာမို့ မကြာခင်အောင်မြင်တော့မှာပါ” ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန် ဒေသကာကွယ်ရေးတပ်ဖွဲ့ (Thantlang-CDF) ၊ ဟားခါးဒေသကာကွယ်ရေးတပ်ဖွဲ့ (Hakha-CDF) နှင့် ချင်းလဲန်းကောင်စီ လက် အောက်ခံတပ်ဖွဲ့များဖြစ်သည့် CDF အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ချင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

 

ထန်လန်မြို့ပေါ်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများမှာ ထန်တလန် မြို့မရဲစခန်း၊ CB Bank နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးတို့ဖြစ်ပြီး အကြမ်းဖက် စစ်သား အင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း၊ ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လည်း ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

စခန်းမသိမ်းပိုက်မီ စက်တင်ဘာလ ၁၆ ရက်နေ့က ထန်တလန်မြို့၊ Lai Villa ၌ တပ်စွဲထားသော စစ် ကောင်စီတပ်ဖွဲ့၀င် ၃ ဦး လက်နက်၊ ခဲယမ်းများ ယူဆောင်ပြီး Chinland Council ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင် ရောက်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *