Mandalay News

0 0
Read Time:3 Minute, 42 Second

မိတ္ထီလာမြို့မရဲစခန်းနှင့် ပွဲတော်ရဲကင်းဂိတ်စခန်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၁၈

 

မန္တလေးတိုင်း၊ မိတ္တီလာမြို့မရဲစခန်းနှင့် နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံရှိ ရထားသံ လမ်းဘေး ရဲကင်းဂိတ်စခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရ ရှိခဲ့ကြောင်း မိတ္တီလာမြို့နယ် ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခန့်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းလမ်းနှင့် ကန် ပတ်လမ်းဆုံ၊ ရထားသံလမ်းဘေးရှိ ရဲကင်းဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးပွဲချင်းပြီးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ၄ ဦးသာမန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“ပွဲတော်ရှိတဲ့အချိန် အဲလိုဂိတ်လေးတွေကို ရပ်ကွက်ဆုံတဲ့နေရာ၊ လမ်းဆုံနေရာတွေမှာ ဖွင့်ထားတဲ့ ဂိတ်ပါ။ ဒီကလည်း ဖောင်တော်ဦး ဘုရားပွဲရက်ရှိတော့ ဖွင့်တာ၊ ဘုရားပွဲမရှိရင်တော့ အဲဒီရှေ့ကို တိုး ပြီးတော့ လုပ်တယ်၊ အဲဒီဂိတ်က အမြဲတမ်းလိုလို ရှိတယ်၊ မနက်ပိုင်းပွဲတော်မစခင် ၈ နာရီလောက်မှာ ခွဲခဲ့လိုက်တာ၊ ၃ ဦးသေသွားတယ်၊နှစ်ယောက်ကတော့ ခြေထောက်ပြတ်တယ်၊ ရဲမေနှစ်ယောက်မှာ တစ်ယောက်က ထိခိုက် ဒဏ်ရာပြင်းထန်တယ်ပေါ့၊ တစ်ယောက်ကတော့ မျက်လုံးထွက် သွားတယ်၊ သေတာက ၂ ယောက်၊ အ ပြင်းအထန်ဒဏ်ရာရတာက ၃ ယောက်၊သိပ်မပြင်း ထန်တဲ့ဒဏ်ရာရတာ က ၄ ယောက်ပါ၊ ပြည်သူမပါ ဘူး။ ရဲနဲ့ စခလိုလားတဲ့ အုပ်ချုပ်ရေးတွေတော့ပါလောက်တယ်” ဟု မိတ္တီလာမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ စက်တင်ဘာလ ၁၆ ရက် ည ၉ နာရီဝန်းကျင် အချိန်ခန့်ကလည်း မိတ္ထီလာမြို့ပေါ်ရှိ မြို့မ ရဲစခန်းရှေ့၌လည်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်လုံးပေါက် ကွဲမှုမရှိကြောင်း၊မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၄ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ် ပကဖနှင့် မိတ္ထီလာခရိုင်တပ်ရင်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို အရှိန်မြှင့်တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းလုပ်ကိုင် နေထိုင်ခြင်းမပြုရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင် ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဆယ်အိမ်မှူးရာအိမ်မှူးများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *